တရုတ်စစ်ရေးလေ့ကျင့်မှုက ထိုင်ဝမ်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးခဲ့ကြောင်း သမ္မတ ချိုင်အင်းဝမ် ပြောကြား

တရုတ်စစ်ရေးလေ့ကျင့်မှုက ထိုင်ဝမ်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးခဲ့ကြောင်း သမ္မတ ချိုင်အင်းဝမ် ပြောကြား
Photo: EPA

ထိုင်ဝမ်စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ယခုအခါ ပိုမိုရင့်ကျက်လာကြောင်းနှင့် မကြာသေးမီက တရုတ်တပ်ဖွဲ့ဝင်များကို စစ်ရေးလေ့ကျင့်မှုအတွင်း အကြိမ်ကြိမ် အပြိုင်အဆိုင် ရင်ဆိုင်မြင်တွေ့ရခြင်းကြောင့် တိုက်ခိုက် နိုင်စွမ်းရည် ပိုမိုကောင်းမွန်လာကြောင်း သမ္မတ ချိုင်အင်းဝမ်က စက်တင်ဘာ ၆ရက်တွင် ပြောကြားလိုက်သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ သြဂုတ်လအတွင်း ထိုင်ဝမ်ခရီးစဉ်သည် အမေရိကန်၏ ထောက်ခံမှုကို အခိုင်အမာပြသမှု အဖြစ် ရှုမြင်သည့်အတွက် ဒေါသထွက်ခဲ့သည်။ ထိုအချိန်မှစ၍ ထိုင်ဝမ်အနီးအနားတွင် တရုတ်စစ်တပ်၏ လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းရှိ ဟွားလန်လေတပ်အခြေစိုက်စခန်းမှ လေတပ်ဝန်ထမ်းများနှင့် တွေ့ဆုံ ရာ တွင် ထိုင်ဝမ်ရေလက်ကြားတစ်ဝိုက် အခြေအနေမှာ တင်းမာနေဆဲဖြစ်ပြီး ခြိမ်းခြောက်မှုမှာ ပျောက်ကွယ် မသွား ကြောင်း ချိုင်က ပြောကြားခဲ့သည်။

စိန်ခေါ်မှုတွေရင်ဆိုင်ရချိန်မှာတော့ ကျွန်မတို့ရဲ့ အမျိုးသားတပ်မတော်က ရန်သူရဲ့ ကျူးကျော်ဝင်ရောက်လာတဲ့ ရည်ရွယ်ချက်တွေကို အေးအေးဆေးဆေး တုံ့ပြန်ခဲ့ပြီး နိုင်ငံရဲ့ လုံခြုံရေးကို ကျားကုတ်ကျားခဲ ကာကွယ်ခဲ့ပါတယ်”ဟု သမ္မတရုံးမှ ထုတ်ပြန်ချက် မှတ်တမ်းတွင် ဖော်ပြထားသည်။

ဒီတိုက်ပွဲဝင်ဖို့အသင့်ဖြစ်မှုလေ့ကျင့်မှုတွေ ပြီးသွားရင်တော့ ကျွန်မတို့ စစ်တပ်ရဲ့ တိုက်ခိုက် ရေး စွမ်းရည်က ပိုရင့်ကျက်လာပြီးတိုက်ခိုက်ရေး စွမ်းအားက ပိုအားကောင်းလာမယ်လို့ ယုံကြည်ပါတယ်။”

သူမအနေဖြင့် လက်နက်ကိုင်တပ်ဖွဲ့များအတွက် အလွန်ဂုဏ်ယူကြောင်းလည်း ပြောကြားခဲ့သည်။

ဟွားလန်အခြေစိုက်စခန်းသည် တောင်ကြီးတစ်လုံး၏ တဘက်မှ အပြင်သို့ ချွန်ထွက်နေသည့် အငူစွန်းတွင်တည်ရှိပြီး Lockheed Martin Corp F-16s တိုက်လေယာဉ်များတည်ရှိရာနေရာဖြစ်သည်။

ထိုင်ဝမ်၏ လက်နက်ကိုင်တပ်ဖွဲ့များသည် လက်နက်ကောင်းစွာ တပ်ဆင်ထားသော်လည်း တရုတ်ထက် အင်အားနည်းလှသည်။ ချိုင်က ခေတ်မီစစ်တပ်ဖြစ်ရေးကို ကြပ်မတ် နေပြီး ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းကို ဦးစားပေးအဖြစ် လုပ်ဆောင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required