NUG က ပြုလုပ်မည့် အခြေခံပညာပြီးမြောက်ကြောင်း နမူနာမေးခွန်းလွှာပုံစံများ အသိပေး ထုတ်ပြန်

NUG က ပြုလုပ်မည့် အခြေခံပညာပြီးမြောက်ကြောင်း နမူနာမေးခွန်းလွှာပုံစံများ အသိပေး ထုတ်ပြန်

စက်တင်ဘာလ ၉ ရက်

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၊ ပညာရေး၀န်ကြီးဌာနက ပြုလုပ်မည့် တက္ကသိုလ်၀င်တန်း အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာအချက်အလက်များနှင့် နမူနာမေးခွန်းပုံစံများကို ကြိုတင်လေ့လာနိုင်ရန် ယနေ့ စက်တင်ဘာ ၉ ရက်တွင် စတင် အသိပေးထုတ်ပြန် လိုက်ပြီဖြစ်သည်။

ယနေ့ စတင်ထုတ်ပြန်လိုက်သည့် နမူနာမေးခွန်းပုံစံမှာ မြန်မာဘာသာရပ်အတွက် ထုတ်ပြန်ပေးခြင်းဖြစ်ပြီး၊ နေ့စဉ် အခြားဘာသာရပ်ဆိုင်ရာ နမူနာမေးခွန်းများကိုလည်း ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

NUG ပညာရေး၀န်ကြီးဌာန၏ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း တစ်ကြိမ်၊ သြဂုတ်လအတွင်း တစ်ကြိမ် နှစ်ကြိမ် ပြုလုပ်ပေးသွားမည်ဖြစ်သည်။

ယင်းအတွက် မကြာမီကာလအတွင်း Online (သို့မဟုတ်) အင်တာနက်မရသော ဒေသများတွင်အတွက် Offline ဖြေဆိုနိုင်ကြရန် ဖြေဆိုရမည့် နည်းလမ်းများကို သရုပ်ပြဗီဒီယိုများဖြင့် ထပ်မံအသိပေး ကြေညာပေးသွားမည်ဖြစ်သည်ဟု ပညာရေး၀န်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာအချက်အလက်များကို အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာန၏ Website ၊ တရား၀င် လူမှုကွန်ရက်စာမျက်နှာများ၊ Channels များ၊ သတင်းမီဒီယာများအပြင် ကြားကာလအခြေခံပညာရေးအဖွဲ့အစည်းများထံသို့ အချိန်မီ စဉ်ဆက်မပြတ်ပေးပို့ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly