မနုမနောလူမျိုးများ၏ စစ်အတွင်းက ဒီးကူပွဲ

မနုမနောလူမျိုးများ၏ စစ်အတွင်းက ဒီးကူပွဲ

September 6

မဇ္ဈိမ ။  ။  ကရင်နီပြည်နယ် တစ်နေရာတွင် စက်တင်ဘာလ ၂ ရက်နေ့ နှင့် ၃ ရက်နေ့က မနုမနောလူမျိုးစုများ၏ ရိုးရာဓလေ့တစ်ခုဖြစ်သည့် "မနုမနော ရိုးရာ ဒေကွတ်ပွဲ" ကို ကျင်းပပြုလုပ်ခဲ့သည့် မြင်ကွင်း ဖြစ်သည်။

အဆိုပါရိုးရာပွဲကို စစ်ရှောင်များ၊ ဒေသခံများနှင့် လူမျိုးစုအကြီးအကဲများက ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

မနုမနောလူမျိုးစုများ၏ သမိုင်းကြောင်းနှင့် ဒီးကူပွဲဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ရိုးရာဝတ်စုံပြိုင်ပွဲ၊ ရိုးရာအကပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲတို့ ပါဝင်သည်။

မနုမနောလူမျိုးစုများသည် ကရင်နီပြည် ဘော်လခဲဒေသတစ်ဝိုက်တွင် အခြေချနေထိုင်ကြသည့် လူမျိုးစုတစ်ခုဖြစ်သည်။

BC ၇၃၉ တွင် ယွန်းလူမျိုးများက ငွေတောင်ပြည်ကို ကျူးကျော်တိုက်ခိုက်ခဲ့ကြသည်။ ဒေသခံလူမျိုးစုများက ကျူးကျော်လာသူ ယွန်းစစ်သည်များကို ပြန်လည်တိုက်ခိုက်ခဲ့စဉ်က ဒီးကူခေါ် ကောက်ညှင်းထုပ်ကို ရိက္ခာအဖြစ်အသုံးပြုခဲ့ကြသည်။

ယွန်းတို့က ကောက်ညှင်းကို ကြာရှည်ခံနိုင်အောင် ခေါပုပ်သဖွယ်ပြုပြီး ခမောက်အောက်တွင် ဆောင်းထားကြရာ စစ်မြေပြင်၌ နေ့ရောညပါစစ်တိုက်ရာတွင် ရိက္ခာပြဿနာမပေါ်ခဲ့ကြပေ။ 

ယင်းအချက်ကိုယူ၍ ကရင်နီတို့လည်း ဒီးကူခေါ် ကိုင်းပင်တစ်မျိုးဖြင့် ကောက်ညှင်းဆန်ကို ထုပ်ပြီး ဒီးကူကောက်ညှင်းထုပ်ပြု လုပ်ခဲ့ကြရာ ခုနှစ်ရက်အထိ အထားခံခဲ့ပြီး စစ်ပွဲအောင်နိုင်ခဲ့သည်။

ယွန်းလူမျိုးများကို တိုက်ထုတ်နိုင်ခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ကျွန်ဘဝမှ လွတ်မြောက်သည့် အထိမ်းအမှတ် အနေနှင့် ဒီးကူပွဲခေါ် ကောက်ညှင်းထုပ်ပွဲကို နှစ်စဉ် ကျေးရွာတိုင်းက  ကြက်ရိုးထိုးပြီး ပွဲကျင်းပရန် ရက်များ သတ်မှတ် ကျင်းပလာခဲ့ကြသည်။

စာတည်း။   ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။ အောင်ကျော်ဖြိုး

#ကရင်နီပြည်နယ်
#မနုမနောလူမျိုး
#ဒီးကူပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly