သာယာဝတီမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး

By ကိုကိုနေတိုး
31 August 2022
သာယာဝတီမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး

August 31

မဇ္ဈိမ။ ။ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်အေးဆိုသူသည် ယမန်နေ့ဩဂုတ်လ ၃၀ရက်နေ့ နေ့လယ် ၁၂နာရီခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးသည် ၎င်းနေအိမ်အနီးတွင် သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခံခဲ့ရပြီး စစ်ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“နှစ်ချက်ပစ်ခတ်ခံရတယ် ။ ကျောက်ကပ်ထိသွားတယ်လို့တော့ကြားတယ် ။ မနေ့က ညနေ၃နာရီလောက်မှာ ဆုံးသွားတယ်ဗျ ။သူက လူမိုက်ကျော်အေးဆိုပြီး နာမည်ကြီးတယ် ။ စစ်တပ်နဲ့က ပတ်သက်မှု အတော်ရှိတဲ့လူဗျ”ဟု ဒေသခံတဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို သာယာဝတီဂဠုန်တပ်ဖွဲ့မှ ၎င်းတို့ပြုလုပ်ခဲ့ကြောင်း၊ သာယာဝတီခရိုင်အတွင်းရှိ အာဏာရူးစစ်ကောင်စီနှင့် ၎င်းတို့၏ မည်သည့်ထောက်တိုင်မျိုးကိုမဆို သုတ်သင်ရှင်းလင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ အုပ်ချုပ်ရေးမှူး ဦးကျော်အေးဆိုသူသည် သတင်းပေးဒလန် ဟုတ်၊ မဟုတ်ကိုမူ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ပဲခူးတိုင်း

#သာယာဝတီမြို့နယ်

#အုပ်ချုပ်ရေးမှူး

#ပစ်ခတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required