ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် စစ်ကောင်စီ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံကျည်ထိမှန်

ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် စစ်ကောင်စီ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံကျည်ထိမှန်

ဩဂုတ်လ ၃၀ ရက်

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ အိန္ဒရာဇာကျေးရွာတွင် စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်းသိရသည်။

အိန္ဒရာဇာကျေးရွာအရှေ့ဘက်ခြမ်းသို့ ယင်းနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများ ရမ်းသန်းပစ်ခတ်၍ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ဥယျာဉ်ခြံအတွင်းရှိ ဒေသခံအမျိုးသားတစ်ဦး ကြောက်လန့်ပြီးထွက်ပြေးရာမှ ကျည်ထိမှန်ခဲ့ခြင်းဟုဆိုသည်။

“ သေနတ် ကျည်ထိမှန်တာက ဥယျာဉ်ခြံ ပိုင်ရှင်တစ်ဦးပါ။ သူက စစ်တပ်ကပစ်ခတ်တဲ့ သေနတ်ကြာတော့ ကြောက်လန့်ပြီး ထွက်ပြေးတဲ့ အချိန်မှာ သေနတ်နဲ့ နှစ်ချက် ပစ်တဲ့ အချိန်မှာ တစ်ချက်က ပခုံးကို ထိမှန်သွားတယ်”ဟု ကံပေါက် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိသူ ယင်းအမျိုးသားကို စစ်ကောင်စီကဖမ်းဆီးပြီး ကံပေါက် မောရ၀တီ ရေတပ် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားကြောင်း သိရ သည်။

ယခု သြဂုတ်လအတွင်း စစ်ကောင်စီတပ်သားများသည် ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာ အများစုကို စစ်ကြောင်းထိုး ဝင်ရောက်မှုများ ဆက်တိုက် ပြုလုပ်နေခြင်း ဖြစ်သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly