ရခိုင်ပြည်ဖွား စစ်ကောင်စီခန့်ဝန်ကြီးများကို သမိုင်းတရားခံအဖြစ်မှတ်ယူမည်ဟု ရခိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ ပူးတွဲထုတ်ပြန်

ရခိုင်ပြည်ဖွား စစ်ကောင်စီခန့်ဝန်ကြီးများကို သမိုင်းတရားခံအဖြစ်မှတ်ယူမည်ဟု ရခိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ ပူးတွဲထုတ်ပြန်

ဩဂုတ်လ ၂၉ ရက်

အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကို မသိကျိုးကျွံပြုနေ သော ရခိုင်ပြည်ဖွား ရခိုင်စစ်ကောင်စီအဖွဲ့ဝင်များနှင့် စစ်ကောင်စီခန့်ဝန်ကြီးများကို ရခိုင်ပြည်၏ သမိုင်း တရားခံများအဖြစ်မှတ်ယူကာ ပြင်းထန်စွာရှုတ်ချကြောင်း ရခိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂများက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အပါအဝင် ကျောင်းသားသမဂ္ဂကိုးခုက ဩဂုတ်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သောကြေညာချက်တွင် ထိုသို့ပြောဆိုထားခြင်း ဖြစ်သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ရသေ့တောင်၊ မောင်တော၊ မြောက်ဦးမြို့နယ်များရှိ ပြည်သူများအပေါ် စစ်ကောင်စီတပ်က စားနပ်ရိက္ခာဖြတ်တောက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု များကိုပြုလုပ်နေကြောင်း ပြောထားသည်။

ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့ ညပိုင်းတွင် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအနီးတွင် စစ်ကောင်စီ တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ပြီးနောက် တိုက်ပွဲဧရိယာထဲမပါဝင်ဘဲ အလှမ်းဝေး ကွာသည့် မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ၄ နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သားသုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်းထိခိုက်ဒဏ်ရာများရရှိသွားသည်။

အဆိုပါ ကင်းဆိပ်ကျေးရွာကို မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၇) တပ်က ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

ထိုသို့ အရပ်သားများ လက်နက်ကြီး ထိမှန်ပြီး သေဆုံးမှုအပေါ် ရခိုင်စစ်ကောင်စီဘက်က လက်ရှိအချိန် ထိ တစ်စုံတရာပြောကြားခြင်းမရှိဘဲ နှုတ်ဆိတ်နေဆဲဖြစ်သည်ကို တွေ့ရသည်။

ရခိုင်ပြည်သူများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှု၊ အနိုင်ကျင့်မှုကိုခံခဲ့ရသော လူထုအားလုံး အတွက် စစ်ကောင်စီတပ်ကို အမြန်ဆုံးအပြစ်ပေး အရေးယူပြီးတရားမျှတမှုကိုရှာဖွေပေးရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအား ရခိုင်ကျောင်းသားများသမဂ္ဂက တောင်းဆိုထားသည်။

ရခိုင်ပြည်သူများအပေါ် စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှုရပ်တန့်အောင် ပိတ်ဆို့မှုနှင့် အရပ်သား ပြည်သူ များအား အကြောင်းပြစွပ်စွဲဖမ်းဆီးနေသည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် မျက်ကွယ်ပြုထားသော ရခိုင် စစ်ကောင်စီခန့်ဝန်ကြီးများကို တော်လှန်ရေးလိုအပ်ချက်အရ ကိုယ်တွယ်သွားမည်ဖြစ်ကြောင်းလည်း ဩဂုတ်လ ၁၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ AA ဘက်က ပြင်းပြင်းထန်ထန် သတိပေးခဲ့ သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly