သရက်ချောင်းမြို့ ကျွဲမင်းကုန်းရွာတွင် စိတ်ဝေဒနာရှင်အမျိုးသားကို စစ်ကောင်စီက ဖမ်းဆီး ရိုက်နှက်မှု ပြုလုပ်

By ကိုရွှေမြိတ်
29 August 2022
သရက်ချောင်းမြို့ ကျွဲမင်းကုန်းရွာတွင် စိတ်ဝေဒနာရှင်အမျိုးသားကို စစ်ကောင်စီက ဖမ်းဆီး ရိုက်နှက်မှု ပြုလုပ်

ဩဂုတ် ၂၉

မဇ္ဈီမ ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ ကျွဲမင်းကုန်းရွာတွင် စိတ်ဝေဒနာ ခံစားနေရသည့် အသက် ၄၀ နှစ်ခန့်ရှိ အမျိုးသား တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီး ရိုက်နှက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

အဆိုပါ စိတ်ဝေဒနာ ခံစားနေရသည့် ကိုမင်း ဆိုသူ အမျိုးသားသည် ရွေးကောက်ပွဲကာလအတွင်း NLD အမှတ်တံဆိပ်ပါ အင်္ကျီဟောင်းကို ဝတ်ဆင်ထားစဉ် ဩဂုတ်လ ၂၈ ရက်နေ့က စုံစင်ကျေးရွာရှိ မီးသတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်သားများက တွေ့ရှိပြီးနောက် ဖမ်းဆီး ရိုက်နှက်ခြင်း ပြုလုပ်ခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

"သူက NLD ပါတီ မဲဆွယ် အင်္ကျီ ဝတ်လို့ ဆိုပြီး ဖမ်းသွားတာပါ၊ သူမျက်နှာမှာတော့ ထိုးခံထားရလို့ ညိုမဲ ဒဏ်ရာတွေနဲ့ ၊ ဖမ်းခံပြီး တစ်ရက် အကြာမှာ ပြန်လွှတ်ပေးလိုက်တယ်"ဟု ပြောသည်။

လက်ရှိတွင် အဆိုပါ စိတ်ဝေဒနာရှင်အမျိုးသားကို ဩဂုတ်လ ၂၈ ရက်နေ့တွင် ရဲစခန်းသို့ ပို့ဆောင်ပြီးနောက် ယင်းနေ့၌ ပြန်လည် လွှတ်ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ရွေးကောက်ပွဲကာလ

#သရက်ချောင်းမြို့

#NLD

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly