ဒလိုင်းလားမား ထိုင်ဝမ်သို့လာရန် အလားအလာရှိဟု တိဗက်ကိုယ်စားလှယ်ပြော

By Tibet Rights Collective
27 August 2022
ဒလိုင်းလားမား ထိုင်ဝမ်သို့လာရန် အလားအလာရှိဟု တိဗက်ကိုယ်စားလှယ်ပြော

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ လာရောက်ပြီးနောက် ဒလိုင်းလားမားအား ထိုင်ဝမ်သို့လာရောက်ရန် ဖိတ်ခေါ်မှုများ ပိုမိုများပြားလာသည်။ အမေရိကန်သည်တိဗက်လူမျိုးများနှင့် တစ်သားတည်းရှိကြောင်း တရုတ်အား ပြင်းထန်သော သတင်းစကားပါးသည့်အနေဖြင့် ပလိုစီသည် ထိုင်ဝမ်၌ တိဗက်ကိုယ်စားလှယ်နှင့်တွေ့ဆုံခဲ့သည်။

 ထိုင်ဝမ်ပြည်သူများသည် ဒလိုင်းလားမားအား ချစ်ခင်မြတ်နိုးကြကြောင်း တိဗက်ကိုယ်စားလှယ် ကယ်ဆန် ဂယ်ဆန်က India Today သို့ ပြောသည်။ 

အထူးသဖြင့် ဗုဒ္ဓဘာသာများသည် ဒလိုင်းလားမား ထိုင်ဝမ်သို့ လာရောက်ရန် တိဗက်ကိုယ်စားလှယ်ရုံးထံ စာရေးသားတောင်းဆိုနေကြသည်။ 

 “ဘုန်းတော်ကြီး ဒလိုင်းလားမား ထိုင်ဝမ်ကို လာလည်ဖို့ တောင်းဆိုတဲ့ စာအများအပြားလက်ခံရရှိပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ပြတောင်းဆိုထားပါတယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမား လာရောက် လည်ပတ်တာကို မြင်ချင်ပါတယ်” ဟု ဂယ်ဆန်က India Todayသို့ပြောသည်။

တရုတ်သည် ထိုင်ဝမ်နှင့်တရုတ်အား ကန့်သတ်ချက်ကျော်လွန်လုပ်ဆောင်နေသူများအဖြစ် ကာလရှည်ကြာ မှတ်ယူထားသူဖြစ်သည်။

သို့သော် ပလိုစီ၏ခရီးစဉ်က ထိုင်ဝမ်အပေါ် တရုတ်က ပြင်းထန်သောစစ်ရေးအရအရေးယူမှု မရှိသည့် အချက် ကြောင့် ဘုန်းတော်ကြီးဒလိုင်းလားမားကို လူကိုယ်တိုင် မြင်တွေ့ချင်သူများအကြား ယုံကြည်မှု ပိုရှိလာကြသည်။

လာမည့်အနာဂတ်တွင် ဒလိုင်းလားမား လာနိုင်မည့်အခြေအနေနှင့်စပ်လျဉ်း၍ ကယ်ဆန်က “လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အခြေအနေက အရင်ကနဲ့ များစွာ ကွာခြားပေမယ့် ဒလိုင်းလားမားအနေနဲ့ ထိုင်ဝမ်ကို လာတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး” ဆိုသည်။  

ဒလိုင်းလားမားသည် ၁၉၉၇ ခုနှစ်တွင် ထိုင်ဝမ်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့တွင်လည်း ထပ်မံသွားရောက်ခဲ့သည်။ သို့သော် တရုတ်၏ဖိအားပေးမှုများလာသောကြောင့် ထပ်မံလာရောက်လည်ပတ်ခြင်း မရှိတော့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required