“ဒီလိုမျိုး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေရှိလို့သာလျှင် ထွက်ပြေးရခြင်းဖြစ်တယ် အဲဒါကိုမှ ဂျီနိုဆိုက်မဟုတ်ပါဘူးလို့ ပြောမယ်ဆိုရင် တော်တော်လေးကို မျက်နှာပြောင် တိုက်ရိုက်ကျတယ်လို့ ပြောချင်ပါတယ်” CDM ဗိုလ်ကြီးနေမျိုးသက် (အင်တာဗျူး)

(မဇ္စျိမ) ။ ။ အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များကိုလက်မခံနိုင်သဖြင့် ပြည်သူဘက်သို့ ကူးပြောင်းလာခြင်းဖြစ်ကြောင်း ကရင်၊ ကချင်၊ ကိုးကန့်နှင့် ရခိုင်ပြည်နယ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် CDM ဗိုလ်ကြီးနေမျိုးသက်က မဇ္ဈိမသို့ ပြောသည်။

ရိုဟင်ဂျာ ထောင်နဲ့ချီနေထိုင်တဲ့ ရွာအကြီးကြီးတွေရှိခဲ့တယ်၊ အခုအခါမှာ အဲဒီရွာတွေမရှိတော့ဘူး ။ ဘယ်လောက်ထိ မရှိတော့လည်းဆိုရင် တစ်ခေတ်တစ်ခါက လူတွေနေသွားပါတယ်ဆိုတဲ့ အထောက်အထားတောင်မှ မရှိတော့လောက်အောင် ပြောင်သလင်းခါပြီးတော့ မရှိတော့လောက်တဲ့အနေအထားမှာရှိတယ်” ဟု ရိုဟင်ဂျာ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ၎င်းအတွေ့အကြုံကို ပြောသည်။

ဗိုလ်လောင်း အပတ်စဉ်(၅၁) စစ်တက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး ၁၆နှစ်ကျော် စစ်မှုထမ်းခဲ့သော  CDMဝင်ရောက်ခဲ့သည့်  ဗိုလ်ကြီးနေမျိုးသက် အား မဇ္စျိမ မှ ဆက်သွယ်မေးမြန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရိုဟင်ဂျာ
#စစ်တက္ကသိုလ်
#ဂျီနိုဆိုက်
#အင်တာဗျူး
 
နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required