ရေဖြူမြို့ ဧကနီရွာခံ စစ်ကောင်စီ သတင်းပေးဒလန် သေနတ်နဲ့ ပစ်သတ်ခံရ

By ကိုရွှေမြိတ်
26 August 2022
ရေဖြူမြို့ ဧကနီရွာခံ စစ်ကောင်စီ သတင်းပေးဒလန် သေနတ်နဲ့ ပစ်သတ်ခံရ

ဩဂုတ် ၂၆

မဇ္ဈီမ ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဧကနီရွာ၌ ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အကြိမ်ကြိမ် သတိပေးခံ ထားရသည့် စစ်ကောင်စီ သတင်းပေးဒလန် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံ လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီသတင်းပေး ဒလန်အကြီးစားဆိုသူ ဦးနော်ဂွါး သည် ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက လမ်းသွားလာနေစဉ် ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

"သူက တစ်နေကုန် အိမ်မှာ နေလေ့မရှိပါဘူး၊ နေရာအစုံကို သွားလာပြီး စစ်တပ်အတွက် သတင်းယူပေးနေသူ တစ်ဦး ဖြစ်တယ်၊ ရွာထဲကို စစ်တပ် ဝင်လာရင် နောက်ကွယ်ကနေ သတင်းပို့ပေးပြီး အိမ်တွေမှာ ပစ္စည်းလိုက်ခိုးပါတယ်"ဟု ပြောသည်။

၎င်းကို သတင်းပေး ဒလန်ဆက်မလုပ်ရန် PDF အဖွဲ့များနှင့် ဒေသခံများက အကြိမ်ကြိမ် သတိပေးပြောဆိုခဲ့သော်လည်း လိုက်နာခြင်းမရှိ၍ ရှင်းလင်းခံရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီသတင်းပေး

#ရေဖြူမြို့

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly