ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

By လွှမ်းမိုး
26 August 2022
ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ဩဂုတ် ၂၆

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ကနီမြို့၏တောင်ဘက် (၁၅) မိုင်ခန့်အကွာရှိ ဇီးပင်တွင်းကျေးရွာကို စစ်ကောင်စီ တပ်က သြဂုတ်လ ၂၅ ရက် ညနေ ၃ နာရီခန့်က စတင်မီးရှို့ခဲ့ကြောင်း သိရသည်။

အိမ်ခြေ(၉၀၀)ခန့်ရှိသည့် ဇီးပင်တွင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်သားများတိုက်မိုင်းမိ၍ အထိနာ သွားသည့်အတွက် ရွာကိုမီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦးကဆိုသည်။

“ မုံရွာ-ယာကြီးလမ်း (၂၈) မိုင်ကနေဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းက ညနေပိုင်းမှာ ရွာကိုဝင်တယ်၊ ရွာထဲမရောက်ခင်မှာ တိုက်မိုင်းနှစ်လုံးမိတယ်၊ စစ်သားအသေဆုံးကတော့ မသိရသေးဘူး၊ စစ်သားတွေ ဝင်ပြီးမကြာဘူး ရွာအထက်ကမီးခိုးတွေ တတ်လာတယ်။ လက်ရှိအချိန်ထိ ရွာထဲမှာတပ်စွဲထားတဲ့အတွက် အိမ်ခြေဘယ်လောက်ပါသွားတယ်တော့ မသိရသေးဘူး။ ဆုံးရှုံးမှုကတော့ တော်တော်လေးများနိုင်တယ် ဟု” လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်က ဇီးပင်တွင်းကျေးရွာတွင်တပ်စွဲထားပြီး ချောင်းမ၊ လင်ပုန်းရည်၊ ဇီးပင်တွင်းစသည့် ကျေးရွာများ မှ လူဦးရေထောင်နှင့်ချီ၍ စစ်ရှောင်နေရကြောင်းသိရသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ် ။ ။ စောဖေ

#စစ်ကိုင်းတိုင်း

#ကနီမြို့နယ်

#ဇီးပင်တွင်းကျေးရွာ

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly