နန်းထိုက်အောင်စစ်ဆင်ရေး တွံတေးမြို့ မီးသတ်ရုံးတွင် တပ်စွဲထားသောစစ်ကောင်စီတပ်အား သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်

နန်းထိုက်အောင်စစ်ဆင်ရေး တွံတေးမြို့ မီးသတ်ရုံးတွင် တပ်စွဲထားသောစစ်ကောင်စီတပ်အား သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်

ဩဂုတ် ၂၆

မဇ္ဈိမ။ ။ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့၊ မီးသတ်ရုံးတွင်တပ်စွဲထားသော စစ်ကောင်စီတပ်အား သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၄နာရီ၁၀မိနစ်အချိန်တွင် PDF အဖွဲ့မှ M16 ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မီးသတ်ရုံးအတွင်း စစ်ကောင်စီအင်အား ၂၀ ခန့်တပ်စွဲထားပြီး သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရှေ့ထွက်မိုင်း တစ်လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"ညောင်ဝိုင်းရပ်ကွက်ရှိ စစ်ခွေးတပ်စွဲထားတဲ့ မီးသတ်စခန်းပါ၊ သေနတ်ပစ်အပြီး မိနစ်ပိုင်းအတွင်း ရှေ့ထွက်မိုင်းတစ်လုံး အနီးကပ်ခွဲခဲ့တာပါ"ဟု S.O.F Squad3 အဖွဲ့တာဝန်ရှိသူက ပြောသည်။

နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီမှ သုံးဦးသေဆုံးကြောင်း မြေပြင်သတင်းများအရအတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#တွံတေးမြို့

#PDF

#နန်းထိုက်အောင်

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly