တရုတ်က တိဗက်တွင် ယဉ်ကျေးမှုဆိုင်ရာ မျိုးတုံးသတ်ဖြတ်မှု ဆက်ကျူးလွန်နေ

By ANI
23 August 2022
တရုတ်က တိဗက်တွင် ယဉ်ကျေးမှုဆိုင်ရာ မျိုးတုံးသတ်ဖြတ်မှု ဆက်ကျူးလွန်နေ
Photo: EPA

တိဗက်တွင် ဘာသာရေးဖိနှိပ်မှုသည် ဆယ်စုနှစ်များစွာအတွင်း ပြင်းထန်လာပြီး တိဗက်လူမျိုးများအပေါ် တရုတ်၏ အဆက်မပြတ် တိုက်ခိုက်မှုသည် ဟိမဝန္တာဒေသကို တရုတ်၏ စရိုက်လက္ခဏာသို့ လုံး ဝပြောင်းလဲခြင်းဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

၁၉၅၃ ခုနှစ်၌ တည်ထောင်ခဲ့သော တရုတ်ဗုဒ္ဓဘာသာအဖွဲ့အစည်းက ကွမ်တုန်းပြည်နယ်၌ “တိဗက်ဗုဒ္ဓဘာသာဘုန်းကြီးများ၏ တရားမဝင်သာသနာပြုလှုပ်ရှားမှုများကို သပိတ်မှောက်ခြင်းဆိုင်ရာ သတိပေးချက်” ကို ထုတ်ပြန်ခဲ့သည်ဟု ဆောင်းပါးရှင် ချိုဒန်ဒိုလ်မာက ရေးသားထားသည်။

တရုတ်ကွန်မြူနစ်ပါတီသည်ဗုဒ္ဓဘာသာတရားဟောဆရာများ၏အာဏာစက်ပြင်ပ၌ သီးသန့် ဗုဒ္ဓဘာသာ စက်ဝန်းတည်ထောင်နေသော အရိပ်လက္ခဏာများကြောင့် တရားဟောဆရာများနှင့် ပါတီတို့မှာ ဆက်ဆံရေး မပြေပြစ်ပေ။

“မကြာသေးခင်နှစ်များအတွင်းက ပြည်မကြီးအတွင်း တိဗက်ဗုဒ္ဓဘာသာဘုန်းကြီးများ၏ တရားမဝင် သာသနာပြုမှုသည် ပိုမိုဆိုးရွားလာပြီး မဟာယာနဗုဒ္ဓဘာသာပြန့်ပွားရေး၊ ဗုဒ္ဓဘာသာနှင့် ချန်ဗုဒ္ဓဘာသာ၏ သဘောသဘာဝကို ဆိုးဆိုးရွားရွားထိခိုက်ခဲ့ပြီး ကိုးကွယ်ယုံကြည်သူများ၊ မိသားစုလုံခြုံရေးနှင့် လူမှုရေး သဟဇာတဖြစ်မှုတို့ကို သက်ရောက်မှုရှိခဲ့ကြောင်း သတိပေးချက်၌ ဖော်ပြထားသည်။

တိဗက်ဘုန်းတော်ကြီးများအနေဖြင့် နိုင်ငံတော်၏ ခွင့်ပြုချက်မရဘဲ နယ်လှည့်တရားဟောခြင်းနှင့် နောက်လိုက်များ ထားရှိခြင်းမှာ တရားမဝင်ကြောင်းလည်း ဖော်ပြထားသည်။ တိဗက်ဗုဒ္ဓဘာသာလှုပ်ရှားမှုများကို လေ့လာခြင်း သို့မဟုတ် ပါဝင်ခြင်းဖြင့် တရုတ်ဗုဒ္ဓဘာသာအသင်း၏ စည်းမျဉ်းများကို ချိုးဖောက်သူ မည်သူမဆို နိုင်ငံ့ဘာသာရေးမူဝါဒနှင့်အညီ အရေးယူမည်ဟု ခြိမ်းခြောက်မှုများကိုလည်း ထည့်သွင်းဖော်ပြထားသည်။

တရုတ်အာဏာပိုင်များသည် ၎င်းတို့၏ တရုတ်အသွင်လက္ခဏာသို့ပြောင်းခြင်းအား ပြီးမြောက်စေရန် တိဗက်ရှိ စာသင်ကျောင်းများတွင် မူလတန်းမှစ၍ သင်ကြားရေးကြားခံစကားအဖြစ် ၎င်းတို့ မန်ဒရင်းဘာသာကို ပြဋ္ဌာန်းခြင်းဖြင့် ယဉ်ကျေးမှုဝိသေသလက္ခဏာများကို တိုက်ခိုက်ခဲ့သည်ဟု The Singapore Postကဖော်ပြသည်။

တရုတ်ကွန်မြူနစ်ပါတီက ၎င်းတို့သည် ၁၄ ဆက်မြောက် ဒလိုင်းလားမားကို ဆက်ခံမည့်သူအား ခန့်အပ်ရန် အပြည့်အဝအခွင့်အာဏာရှိကြောင်းနှင့် ၎င်း၏ သဘောတူညီချက်မပါဘဲ တခြားဆက်ခံသူများကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း အခိုင်အမာပြောကြားထား သည်။ ယင်းကဲ့သို့ အပြုအမူများသည် သေချာပေါက် ကမ္ဘာလုံးဆိုင်ရာဖြိုခွင်းမှုဖြစ်ပြီး ယဉ်ကျေးမှုဆိုင်ရာ လူမျိုးတုံးသတ်ဖြတ်မှုပင်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly