ယူကရိန်း၏ အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ရန် ရုရှတို့ စီစဉ်နေဟု အမေရိကန် ထင်မြင်ယူဆ

ယူကရိန်း၏ အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ရန် ရုရှတို့ စီစဉ်နေဟု အမေရိကန် ထင်မြင်ယူဆ

ဩဂုတ်လ ၂၃ ရက်

ရုရှသည် ယူကရိန်းနိုင်ငံ၏ အရပ်ဖက် အခြေခံအဆောက်အအုံများနှင့် အစိုးရဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားပြီး မကြာမီ တိုက်ခိုက်မှုအသစ်များ ပြုလုပ်ရန် စီစဉ်လျက် ရှိသည်ဆိုသော ထောက်လှမ်းရေးသတင်းအချက်အလက်ကို အမေရိကန်အာဏာပိုင်တို့ ရရှိထားကြောင်း အမေရိကန်အရာရှိတစ်ဦးက ဩဂုတ် ၂၂ ရက်တွင် ပြောသည်။

“ရုရှဟာ လာမယ့် ရက်တွေမှာ ယူကရိန်းရဲ့ အရပ်ဖက် အခြေခံအဆောက်အအုံနဲ့ အစိုးရ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေလုပ်ဖို့ အားထုတ်မှုတွေကို အရှိန်မြှင့်တင်လုပ်ဆောင်နေတယ် ဆိုပြီး ကျွန်တော်တို့ သတင်းရထားပါတယ်” ဟု အဆိုပါ အရာရှိက ပြောသည်။

“ယူကရိန်းမှာ ရုရှရဲ့ လုပ်ဆောင်မှု မှတ်တမ်းအရ အရပ်သားတွေနဲ့ အရပ်ဖက် အခြေခံအဆောက်အအုံတွေကို ရုရှတို့ တိုက်ခိုက်မှုတွေ လုပ်နိုင်တာရဲ့ ခြိမ်းခြောက်မှု အန္တရာယ်နဲ့ပတ်သက်လို့ မိမိတို့ စိုးရိမ်ပူပန်မိပါတယ်” ဟု ၎င်းက ပြောသည်။

ယခု ထုတ်ပြန်ချက်သည် အဆင့်နှိမ့်ထားသော အမေရိကန် ထောက်လှမ်းရေး သတင်းအချက်အလက်အပေါ် အခြေခံကြောင်း အဆိုပါ အရာရှိက ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly