“လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

“လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

ဩဂုတ် ၂၂

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၂၉ ရက်မြောက်အဖြစ် ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့တွင် ဆက်လက် ချီတက်ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကိုချေမှုန်းကြ” စာတမ်းများ ကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်းကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံသပိတ်စစ်ကြောင်း သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ စောဖေ

#စစ်ကိုင်းတိုင်း

#ယင်းမာပင်မြို့နယ်

#ဆားလင်းကြီးမြို့နယ်

#ရွာပေါင်းစုံသပိတ်

#ချီတက်ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly