စစ်ကိုင်းတိုင်းရှိ လမ်းပိုင်းအချို့တွင် သတိပြုသွားလာရမည့်အချက်များအား ဒေသတွင်း PDF များ အသိပေး

By မေဘယ်လ်သူ
22 August 2022
စစ်ကိုင်းတိုင်းရှိ လမ်းပိုင်းအချို့တွင် သတိပြုသွားလာရမည့်အချက်များအား ဒေသတွင်း PDF များ အသိပေး

ဩဂုတ် ၂၂

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကိုင်း၊ မုံရွာနှင့် ရွှေဘိုခရိုင်များရှိ လမ်းပိုင်းများတွင် ပြည်သူများ သတိပြုသွားလာရမည့်အချက်များအား ဒေသတွင်း PDFအဖွဲ့များက အသိပေးကြေညာထားသည်။

ယနေ့ ဩဂုတ်လ ၂၂ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး-နောင်ကြီးအိုင် လမ်းတစ်လျှောက်အား ည ၇နာရီ မှ နံနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန် ရွှေဘို ခရိုင်အခြေစိုက် C&T SHWEBO အဖွဲ့က အသိပေးထားသည်။

“မဖြစ်မနေ ဖြတ်သန်းသွားလာရမည်ဆိုပါက သက်ဆိုင်ရာအဖွဲ့အစည်းများအား သတင်းပို့၊ ချိတ်ဆက်၍ သွားလာကြရန်” ဟု C&T SHWEBO အဖွဲ့က ဆိုထားသည်။

အဆိုပါ သတိပေးထုတ်ပြန်ချက်များအား မလိုက်နာဘဲ မောင်းနှင်လာသောယာဉ်များ၊ ယာဉ်မောင်း‌များ အန္တရာယ်တစ်စုံတစ်ရာတွေ့ရှိပါက တာဝန်ယူမည်မဟုတ်ကြောင်း C&T SHWEBO အဖွဲ့က သတိပေးထား သည်။

ထို့အပြင် မုံရွာ-မြင်းမူ-မန္တလေး လမ်းပိုင်းအသုံးပြု၍ ခရီးသွားကြမည့်ပြည်သူများအနေဖြင့် စစ်ကောင်စီ နှင့်ပတ်သက်သော "အာကာသယာဉ်လိုင်း" အား လုံးဝအသုံးပြုခြင်း မပြုလုပ်ကြရန် မြင်းမူအခြေစိုက် Knight Commanders(MMU) PDF အဖွဲ့က ယနေ့ ဩဂုတ်လ ၂၂ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီထောက်တိုင် ယာဥ်လိုင်းသည် လမ်းကြောင်းပေါ်တွင် ပေါက်ကွဲမှုများဖြစ်ပေါ်နိုင်ပါ သဖြင့် သတိပေးချက်ကို လိုက်နာပေးကြရန် ထပ်မံသတိပေးထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ စောဖေ

#စစ်ကိုင်းတိုင်း

#ရွှေဘိုခရိုင်

#မုံရွာခရိုင်

#ကာကွယ်ရေးတပ်ဖွဲ့များ

#သတိပေးထုတ်ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly