တရုတ်နှင့်တင်းမာမှုမြင့်တက်နေချိန်တွင် ဂျပန်နိုင်ငံရေးသမားများ ထိုင်ဝမ်သို့ လာရောက်မည်   

တရုတ်နှင့်တင်းမာမှုမြင့်တက်နေချိန်တွင် ဂျပန်နိုင်ငံရေးသမားများ ထိုင်ဝမ်သို့ လာရောက်မည်   

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ခရီးစဉ်လာရောက်ပြီးနောက် တရုတ်နှင့်တင်းမာမှု မြင့်တက်နေချိန်တွင် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံရေးသမားများ၏ လာမည့်ခရီးစဉ်ကို ကြိုဆိုလိုက်သည်။

ဂျပန့်လွှတ်တော်အဖွဲ့ဝင်များဆိုင်ရာ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ဖူရူယာကဲဂျိနှင့် ကောင်စီ၏ အထွေထွေအတွင်းရေးမှးချုပ် ခီဟာရာမီနိုရူတို့၏ ထိုင်ဝမ်သို့ လာမည့် ခရီးစဉ်ကို ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြိုဆိုကြောင်း ဩဂုတ် ၁၉ ရက်က ထုတ်ပြန်ခဲ့သည်ဟု Taiwan News က ဖော်ပြသည်။ 
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ နိုင်ငံရေးသမား ၂ ဦးသည် ဩဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ ထိုင်ဝမ်သို့ သွားရောက်မည်ဖြစ်ပြီး အမေရိကန်နှင့် ကာကွယ်ရေးယန္တရားများ ပိုမိုကောင်းမွန်လာစေရေးဆွေးနွေးရန်နှင့် တရုတ်နိုင်ငံ၏ ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုအပေါ် အမြင်မျာ ဖလှယ်ရန် သမ္မတ စိုင်အင်ဝမ်နှင့် တွေ့ဆုံမည်ဖြစ်သည်။

အာဏာရှင်နိုင်ငံများက ပြည်ပသို့ ကျူးကျော်ဝင်ရောက်ကာ နယ်မြေချဲ့ထွင်ရန်၊ ဒေသတွင်း တင်းမာမှုများ ဖြစ်စေရန်နှင့် အခြေခံကျသော နိုင်ငံတကာအမိန့်ကို စိန်ခေါ်ရန် ရည်ရွယ်နေချိန်တွင် ဒီမိုကရေစီ နိုင်ငံများ အနေဖြင့် လွတ်လပ်မှုနှင့် ဒီမိုကရေစီဆိုင်ရာ တူညီသောစံတန်ဖိုးများကို ကာကွယ်ရန် စည်းလုံးသင့်သည်ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ထိုင်ဝမ်နှင့် ဂျပန်နှစ်နိုင်ငံစလုံးသည် ကမ္ဘာလုံးဆိုင်ရာဒီမိုကရေစီစခန်းတွင်ရှိပြီး ရင်းနှီးသော ချစ်ကြည် ရင်းနှီးမှုရှိကြောင်းနှင့် ဖူရူယာနှင့် ခီဟာရာခရီးစဉ်သည် ထိုင်ဝမ်နှင့်ဂျပန်အကြား ခိုင်မာသော ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေမည်ဖြစ်ကြောင်း Taiwan News  တွင် ဖော်ပြထားသည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီးကတည်းက တရုတ်သည် ကျည်အစစ်နှင့်စစ်ရေးလေ့ကျင့်မှုနှင့် ထိုင်ဝမ်လေပိုင်နက်အနီး စစ်လေယာဉ်များပျံသန်းမှုပါဝင်သော အကြီးစားစစ်ရေးလေ့ကျင့်မှုများကို ကျွန်းအနီး တစ်ဝိုက်တွင် ပြုလုပ်ခဲ့သည်။
 
ထိုင်ဝမ်သည် အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့် ဗျူဟာမြောက်ဆက်ဆံရေးတိုးမြှင့်ခြင်းဖြင့် တရုတ်၏ ရန်လိုမှုများကို တန်ပြန်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required