ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် သန့်ရှင်းသော သောက်သုံးရေ အရေးတကြီး လိုအပ်နေ

By The Print
21 August 2022
ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် သန့်ရှင်းသော သောက်သုံးရေ အရေးတကြီး လိုအပ်နေ

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်တွင် သန့်ရှင်းသော သောက်သုံးရေ ရှားပါးနေပြီး သောက်သုံးနိုင်သောရေကို အရေးတကြီး လိုအပ်နေသည့် အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရစဉ် အဆိုပါပြည်နယ်ရှိ မြေပေါ်ရေ အများစု သည် ညစ်ညမ်းလျက် ရှိသည့်အတွက် ထိုရေများကို အသုံးပြုနိုင်ရန် သင့်တော်သည်အထိ လုံလောက်သည့် သန့်စင်မှုပြုလုပ်ရန် လိုအပ်နေကြောင်း ပါကစ္စတန် ရေအရင်းအမြစ်များဆိုင်ရာ သုတေသန ကောင်စီက ပြုလုပ်သည့် စစ်တမ်းတစ်ရပ်တွင် ဖော်ပြသည်။

 ပြည်နယ်ရှိ ဂေါ်ရာနို ရေလှောင်ကန် (သာပါကာ) အနီး ကျေးရွာငါးရွာမှ ဒေသခံရွာသားများသည် ဆင်းဒ်ပြည်နယ်ဝန်ကြီးချုပ် လာရောက်ချိန် ဆန္ဒထုတ်ဖော်မှုတစ်ခုကို လုပ်ဆောင်ခဲ့ခြင်းအားဖြင့် ဆင်းဒ်ပြည်နယ်၏ ရေညစ်ညမ်းမှုကိစ္စက အာရုံစိုက်ခံရသည့် ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။

ဆင်းဒ်ပြည်နယ်အစိုးရသည် ဒေသခံပြည်သူများကို ပေးထားသည့် ကတိကဝတ်များကို ဖြည့်ဆည်းပေးရန် ပျက်ကွက်ခဲ့သည်ဟု ဆန္ဒပြသူများက ပြောဆိုခဲ့ကြသည်။ ရေလှောင်ကန်မှ အဆိပ်အတောက် ပါဝင်မှုမြင့်မားသော ရေများ စွန့်ပစ်ခြင်းကြောင့် ဒေသခံပြည်သူအချို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသလို နေအိမ်များနှင့် တိရစ္ဆာန် စားကျက်မြေများလည်း ပျောက်ကွယ်ခဲ့ရသည်ဟု ဆန္ဒပြသူများက ပြောဆိုခဲ့ကြောင်း Asian Lite International မီဒီယာက ဖော်ပြသည်။

ပါကစ္စတန် ရေအရင်းအမြစ်များဆိုင်ရာ သုတေသန ကောင်စီက ပြုလုပ်သော စစ်တမ်းလေ့လာချက်တစ်ရပ်အရ ပြည်နယ်၏ ခရိုင် ၂၂ ခုတွင် စစ်တမ်းကောက်ယူခဲ့သည့် ရေထောက်ပံ့ပေးဝေမှု အစီအစဉ် ၁၂၄၇ ခုအနက် ၅၂၉ ခု (၄၂ ရာခိုင်နှုန်း) ခန့်ကသာလျင် လက်တွေ့ အသုံးဝင်နေခဲ့ပြီး ပျမ်းမျှရေပေးဝေမှု ကြာချိန်က တစ်ရက်လျှင် ၅နာရီ ဖြစ်ကြောင်း သိရသည်။

ရေနမူနာများ၏ ၂၅ ရာခိုင်နှုန်းခန့်သာ သောက်သုံးရန် သင့်တော်ပြီး ကျန်ရေနမူနာများသည် အဏုဇီဝပိုးမွှားများ၊ အဆိပ်များဖြင့် ညစ်ညမ်းနေကြောင်း စစ်တမ်းလေ့လာချက်တွင် ဖော်ပြသည်။

ဆင်းဒ်ပြည်နယ်ရှိ မြေပေါ်ရေများသည့် တစ်နေရာနှင့် တစ်နေရာ ညစ်ညမ်းမှု ပမာဏ မတူညီကြပေ။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required