အကျဥ်းထောင်အတွင်း အကြမ်းဖက်မှုကြောင့် အသက်အန္တရာယ် စိုးရိမ်ရသူများနှင့် ကိုယ်လက်အင်္ဂါထိခိုက်သွားသူများကို ထောင်အာဏာပိုင်များက ဆေးကုသခွင့်မပေးဘဲ တိုက်ပိတ်ထား

အကျဥ်းထောင်အတွင်း အကြမ်းဖက်မှုကြောင့် အသက်အန္တရာယ် စိုးရိမ်ရသူများနှင့် ကိုယ်လက်အင်္ဂါထိခိုက်သွားသူများကို ထောင်အာဏာပိုင်များက ဆေးကုသခွင့်မပေးဘဲ တိုက်ပိတ်ထား

ဩဂုတ်လ ၂၁ ရက်

မန္တလေးအိုးဘိုထောင်အတွင်း အကြမ်းဖက်နှိပ်စက်မှုများကြောင့် အသက်အန္တရာယ်စိုးရိမ်ရသူများနှင့် ကိုယ်လက်အင်္ဂါ ထိခိုက်သွားသူများကို ထောင်အာဏာပိုင်များက ဆေးကုသခွင့်မပေးဘဲ တိုက်ပိတ်ထားကြောင်း အကျဥ်းထောင်အတွင်း သတင်းအရင်းမြစ်များထံက သိရသည်။

အိုးဘိုထောင်အတွင်း ထောင်ဝင်စာလွဲမှားမှုနှင့်ပတ်သက်၍ သြဂုတ်လ၉ရက်နေ့ က အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများနှင့် ပြဿနာဖြစ်ပွါးခဲ့ရာမှ ၁၅ဦးထက်မနည်း ရိုက်နှက်ခံခဲ့ရပြီး စိုးရိမ်ရဒဏ်ရာများဖြင့် ဆေးကုသခွင့်မရရှိဘဲ တိုက်ပိတ်ထားကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌဟောင်း

ကိုနောင်ထက်အောင်နှင့် ကိုအောင်န်ိုင်သူတို့အပါအဝင် နိုင်ကျဥ်း ၁၅ဦးထပ်မနည်း တိုက်ပိတ်ခံထားရကြောင်း သိရသည်။

"အကျဥ်းထောင်အတွင်းမှာ နိုင်ငံရေး အကျဥ်းသား ဖိနှိပ်မှုတွေကို ထောင်အာဏာပိုင်တွေက အပြင်းအထန်ပြုလုပ်နေတာကို ဇူလိုင်လတည်းက သတင်းရထားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေရော၊ NUGကရော အသံကျယ်ကျယ်ထွက်ပေးဖို့ လိုပါတယ်"ဟု သပိတ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် တရားစီရင်ရေးကို အယုံအကြည်မရှိသောကြောင့် တရားရုံးမထွက်ခဲ့သည့် ကျောင်းသားများကိုလည်း တရားရုံးများက မျက်ကွယ်ပြစ်ဒဏ်များ ဆက်တိုက်ချနေကြောင်း သိရသည်။

သေဒဏ်ချမှတ်ခြင်းကို ကန့်ကွက်ကြောင်း အစာငတ်ခံဆန္ဒပြ၍ ရိုက်နှက်ခံထားရပြီး ဆေးကုသခွင့်မရဘဲ တိုက်ပိတ်ခံထားရသူ ကိုနောင်ထက်အောင်နှင့် အခြေခံပညာ သပိတ်ကော်မတီက ဆရာနိုင်းသီဟကျော်တို့ကို ရုံးထုတ်စစ်ဆေးခြင်းမလုပ်ဘဲ ပုဒ်မ ၅၀၅(က)ဖြင့် သြဂုတ်လ ၁၁ ရက်နေ့တွင် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ထားကြောင်း နီးစပ်သူများထံက သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly