စီမံကိန်းများစွာ မအောင်မြင်သဖြင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း အကျပ်အတည်းဆိုက်နေ

စီမံကိန်းများစွာ မအောင်မြင်သဖြင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း အကျပ်အတည်းဆိုက်နေ

တရုတ်က ဂုဏ်ယူဝင့်ကြွားပြောကြားနေသည့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အောက်ရှိ အဓိက စီမံကိန်းများ ကို အကောင်အထည်မဖော်နိုင်ခြင်း သို့မဟုတ် ရလဒ်ညံ့ဖျင်းခြင်းကဲ့သို့သော စီမံခန့်ခွဲမှု အမှားများကြောင့် လက်ရှိတွင် အတိမ်းအစောင်းမခံသည့် အနေအထားသို့ ရောက်နေသည်။

ယင်းအခြေအနေကြောင့် ကမ္ဘာ့ကို လွှမ်းမိုးနိုင်ရန် တရုတ်၏ ကြိုးပမ်းမှုအပေါ် ပြင်းထန်သည့် သက်ရောက်မှု ရှိလာသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ၂၀၁၃ခုနှစ် မိန့်ခွန်းတွင် 'ပိုးလမ်းမ' အဖြစ်ကြေညာခဲ့သည့် BRI သည် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) ၏ ဂွါဒါဆိပ်ကမ်းမှ တရုတ်၊ ရှင်ကျန်းပြည်နယ်ရှိ ကက်ရှ်ဂါအထိ ပါဝင်သည့် စီမံကိန်းကို ကြေညာခြင်းနှင့် အတူ ၂၀၁၅ ခုနှစ် ဧပြီလတွင် စတင် အသက်ဝင်လာခဲ့သည်။

CPEC သဘောတူညီချက်များကို လက်မှတ်ရေးထိုးသည့်အခါ ပါကစ္စတန်အစိုးရက ဂွါဒါကို 'ပါကစ္စတန်၏ စီးပွားရေးအနာဂတ်' ဟုခေါ်ဆိုခဲ့သော်လည်း BRI ကိုယ်တိုင်သည်ပင် စီမံခန့်ခွဲမှု အမှားများ၊ ကြွေးမြီအကျပ် အတည်းများနှင့် အကျင့်ပျက်ခြစားမှုများကြောင့် စီမံကိန်းများစွာသည် မပြီးဆုံးခဲ့ဘဲ၊ကနဦး အကောင်းမြင်ဝါဒ သည် အလွန်အမင်း စိတ်ပျက်စရာအဖြစ်သို့ ပြောင်းလဲခဲ့ပြီး CPEC သည် အကျပ်အတည်းဆိုက်လုနီးပါး ဖြစ်နေ သည်။

အထင်ကရ စီမံကိန်းများစွာသည် အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်း သို့မဟုတ် အဆင်မပြေသော ရလဒ်များ ထွက်ပေါ်လာခဲ့သည်။

ဂွါဒါ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုသည် ၂၀၁၇ခုနှစ်တွင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၄၃၀ မှ ၂၀၅၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀အထိ တိုးလာပြီး လက်ရှိ လူဦးရေ ၉ ဝ၀ဝ၀ အတွက် အလုပ်အကိုင် ၁ ဒသမ ၂ သန်း ဖန်တီးပေးနိုင်မည်ဟု အခိုင်အမာဆိုသော်လည်း ယခု BRI အဆိုးဆုံးဖြစ်နေ ကာ မျှော်လင့်ချက်မဲ့နေသည်။

ဂွါဒါလေဆိပ်သစ်၊ ဂွါဒါကင်းမဲ့ဇုန်၊ ၃၀ဝ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံးနှင့် ရေသန့်စင်ရေး စက်ရုံတို့ အပါအဝင် ဂွါဒါတွင် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ စာရင်းကို တရုတ်က ကြေညာခဲ့သော်လည်း ယနေ့အထိ မပြီးစီးသေးကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။

ဂွါဒါတွင် ၃၀ဝ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် လျာထားသော်လည်း ယခုအချိန်အထိ လုပ်ငန်း မစနိုင်သေးပေ။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည် ဒေသအတွင်း အဓိပ္ပာယ်ပြည့်ဝသော ဖွံ့ဖြိုးတိုးတက်မှု အတွက် အကြီးမားဆုံး အဟန့်အတားဖြစ်နေသည်။

အလိုဆန္ဒကြီးသော ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ဘဏ္ဍာရေးအခြေအနေစိုးရိမ်မှုကြောင့် အချို့သော နိုင်ငံများသည် တရုတ်ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော စီမံကိန်းများကို လျော့ချခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ ပြုလုပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly