ထိုင်ဝမ် ဝေဟင်ပိုင်နက်ကို တရုတ်ဂျက်လေယာဉ်များ ကျူးကျော်ခြင်းက ရုရှားစစ်ဆင်ရေးကဲ့သို့ ရှေ့ပြေးဖြစ်နိုင်သလား

ထိုင်ဝမ် ဝေဟင်ပိုင်နက်ကို တရုတ်ဂျက်လေယာဉ်များ ကျူးကျော်ခြင်းက ရုရှားစစ်ဆင်ရေးကဲ့သို့ ရှေ့ပြေးဖြစ်နိုင်သလား

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်က ပြီးခဲ့သော ရက်အနည်းငယ်အတွင်း အမေရိကန်နှင့် တရုတ်ကြား ဖြစ်ပွားနေသည့် စကားစစ်ထိုးပွဲ၏ အထွတ်အထိပ်ဟု ခေါ်ဆိုနိုင်သော်လည်း တရုတ်တိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်မှုသည် ဝေဟင်ပိုင်နက်ကျူးကျော်မှု နောက်ထပ်ဖြစ်ရပ်တစ်ခု သို့မဟုတ် ထိုင်ဝမ်တွင် တရုတ်၏ စစ်ရေးစစ်ဆင်ရေး၏ ရှေ့ပြေးနိမိတ်ဟုတ်မဟုတ် မေးခွန်းထုတ်မှုများ ရှိလာ နေသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းတွင် ရုရှားက အထူးစစ်ရေး စစ်ဆင်ရေး စတင်ခဲ့ပြီးကတည်းက တရုတ်ကလည်း ထိုင်ဝမ်အပေါ် ယင်း၏ အချုပ်အခြာအာဏာပိုင်ဆိုင်ရေးအတွက် အလားတူ ခြေလှမ်းများ လုပ်ဆောင်လာနိုင်မှုနှင့် ပတ်သက်၍ ဖိုရမ်အသီးသီးတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း The Singapore Post သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ်တွင် ရုရှားနှင့် တူသော စစ်ရေးစစ်ဆင်ရေးကို ဆင်နွှဲရန် တရုတ်၏ စိတ်အားထက်သန်မှုသည် သြဂုတ် ၂ ရက်က ထိုင်ဝမ်သို့ ရောက်ရှိလာသော အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ခရီးစဉ်ကို ကန့်ကွက်သည့်အနေဖြင့် တရုတ်ဂျက်လေယာဉ် အစင်း ၂၀ ထိုင်ဝမ်လေပိုင်နက်အတွင်းသို့ ဩဂုတ်လ ၂ ရက်က ကျူးကျော်မှုက ထင်ရှားနေသည်။

နန်စီပေလိုစီ၏ ခရီးစဉ်ကို တန်ပြန်ရန် တရုတ်က ပစ်မှတ်ထားစစ်ဆင်ရေးများ လုပ်ဆောင်မည် ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ကော်လိုရာဒိုရှိ Aspen လုံခြုံရေးဖိုရမ်တွင် ဇူလိုင် ၂၀ ရက်က မိန့်ခွန်းပြောကြားရာတွင် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲ ဘေလ်ဘန်းစ်က ယူကရိန်းတွင် ရုရှား၏ အတွေ့အကြုံသည် ထိုင်ဝမ်ကို ကျူးကျော် ရန် မည်ကဲ့သို့ ဆုံးဖြတ်ရမလဲဆိုသည်နှင့် ပတ်သက်ပြီး တရုတ်၏ တွက်ချက်မှုများအပေါ် သက်ရောက်မှု ရှိကြောင်း ပြောကြားခဲ့သည်။

ဥရောပစစ်ပွဲကိုကြည့်ရှုလေ့လာပြီးနောက် တရုတ်က လှုပ်လှုပ်ရှားရှားဖြစ်နေကြောင်းနှင့် လျင်မြန်သော အဆုံး အဖြတ်အောင်ပွဲသည် အင်နှင့် အားနှင့် တိုက်ခိုက်သော်လည်း မဖြစ်နိုင်ကြောင်း တရုတ်က သတိပြုမိဖွယ်ရှိ ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဥရောပစစ်ပွဲမှ တရုတ်ရရှိနေသည့် သင်ခန်းစာများမှာ အင်အားအလုံးအရင်း စုဆောင်းရန် လိုအပ်ကြောင်း၊ သတင်း အချက်အလက်များကို ထိန်းချုပ်ရန်နှင့် ပိတ်ဆို့ အရေးယူမှုမခံရဘဲ စီးပွားရေးကို အားကောင်းအောင် လုပ်ဆောင်ရန် လိုအပ်ကြောင်းတို့ ဖြစ်ကြောင်း ဘန်းစ်က ပြောကြားခဲ့သည်။

ယင်းဖိုရမ်တွင်ပင် ထိုင်ဝမ်နှင့် နိုင်ငံရေးနှင့် စစ်ရေးအရ နီးကပ်စွာ ဆက်ဆံမှု တိုးမြှင့်ခြင်းဖြင့် အမေရိကန်က “တရုတ်တစ်နိုင်ငံ မူဝါဒ” ကို မှေးမှိန်အောင် လုပ်ဆောင်နေသည်ဟု အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ချင်ဂန်က ပြောကြားခဲ့ကြောင်း The Singapore post တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required