တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် အစိုးရနှင့် နိုင်ငံသားများအကြား အက်ကြောင်း ထင်လာ

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် အစိုးရနှင့် နိုင်ငံသားများအကြား အက်ကြောင်း ထင်လာ

တရုတ်တွင် ရှီကျင့်ဖျင်အာဏာရှင်အစိုးရ၏ သဘောထားတင်းမာသော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် နိုင်ငံအတွင်း ဆန္ဒပြသူ အရေအတွက် ဆက်တိုက်များပြားလာသည်။

တရုတ်အစိုးရ၏ ရန်လိုပြောကြားချက်ကြောင့် ငြိမ်းချမ်းစွာဆန္ဒပြမှုများသည် တဖြည်းဖြည်း ပြင်းထန်သော အဓိကရုဏ်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ရှန်ဟိုင်း၊ ရှန်ဒေါင်း၊ ပေကျင်း၊ ဟောင်ကောင်နှင့် အန်ဟွေတို့ အပါအဝင် တရုတ်နိုင်ငံတစ်ဝန်းရှိ အဓိက နိုင်ငံ ရေးနေရာများတွင် ၂၀၂၂ ခုနှစ်မှ စတင်ကာ ယနေ့အထိ အရပ်သားဆန္ဒပြမှုပေါင်း ၄၃၀ ရှိပြီး ပြည်နယ်အစိုးရများ၏ အာဏာရှင်ဆန်သော တုံ့ပြန်မှု အကြိမ် ၁၂၀ ရှိခဲ့သည်။

အထက်ဖော်ပြပါ နိုင်ငံရေး အချက်အချာကျသော နေရာများတွင် နိုင်ငံသားများက အစိုးရကိုဆန့်ကျင်သည့် ဒေါသပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားနေသည်။

အစိုးရက ယင်းဖြစ်ရပ်များကို အတင်းအကျပ် ကိုင်တွယ်ဖြေရှင်းသဖြင့် တင်းမာမှုများ ပိုမိုပြင်းထန်လာခဲ့သော ကြောင့် ဆန္ဒပြမှုများနှင့် အဓိကရိုဏ်းများ မြင့်တက်လာခဲ့သည်။ မကြာသေးမီက တရုတ်တွင် ဆန္ဒပြခြင်းသည် အလေ့အထတစ်ခု ဖြစ်လာခဲ့သည်ဟု HK Post က ဖော်ပြခဲ့သည်။

ဆန္ဒပြပွဲအရေအတွက် တိုးလာရခြင်း၏ အဓိကအကြောင်းရင်းမှာ အထူးသဖြင့် လူဦးရေများသောဒေသများတွင် ချမှတ်ထားသည့် ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် ပိတ်ဆို့ကန့်သတ်ချက်မှုများ ပိုမိုတင်းကျပ်မှုကြောင့် ဖြစ်သည်။

ကိုဗစ်ကို အကြိမ်ကြိမ် စစ်ဆေးမှုများနှင့် သီးသန့်ခွဲထားခြင်းများကြောင့် သာမန်ပြည်သူများ၏ ဘဝများကို ကြီးမားစွာထိခိုက်စေခဲ့ပြီး စီးပွားရေးအရနစ်နာမှုများရှိခဲ့သော်လည်း တရုတ်အာဏာပိုင်များက “ကိုဗစ်လုံးဝ ကင်းစင် ရေး မူဝါဒ” ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်သည်။

အစိုးရက ချမှတ်ထားသော ကြိုတင်ကာကွယ်မှုများသည် လစာပေးမှုနှောင့်နှေးခြင်းနှင့် နေ့စဉ်သုံးကုန် ပစ္စည်း များ ပြတ်လပ်မှုပုံစံဖြင့် နိုင်ငံသားများ၏ အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေခဲ့သည်။

အစိုးရ၏ ချဉ်းကပ်ပုံမှာ မြေပြင်အခြေအနေနှင့် အလွန်ကွာဟနေသည်ဟု သာမန်ပြည်သူများက ယုံကြည်ကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required