ယင်းမာပင်မြို့နယ် ကပိုင် ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၁ဝ လုံးခန့်ကိုစစ်ကောင်စီတပ်က မီးရှို့

ယင်းမာပင်မြို့နယ် ကပိုင် ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၁ဝ လုံးခန့်ကိုစစ်ကောင်စီတပ်က မီးရှို့

လွှမ်းမိုး

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အနောက်ဘက်ခြမ်း ရှစ်မိုင်ခန့်အကွာရှိ ကပိုင်ကျေးရွာကို စစ်ကောင်စီတပ်က သြဂုတ်လ ၁၈ရက် ညနေပိုင်း ၃ နာရီအချိန်ခန့်တွင် စတင်မီးရှို့ခဲ့ကြောင်း သိရသည်။

အဆိုပါမီးရှို့ မှူ ဖြစ်စဥ်တွင် အိမ်ခြေ ၉၀၀ ခန့်ရှိ ကပိုင်ကျေးရွာ မှ ပြည်သူပိုင်နေအိမ် ၁၀ လုံးခန့် မီးလောက်ပြာကျသွားကြောင်း သိရသည်။

" ကပိုင်ကျေးရွာ အနီးမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းသုံးလုံးခွဲပြီး တိုက်ခိုက်တာရှိတယ် ၊ စစ်သား ခုနစ်ဦးလောက် အပြင်းထန် ဒဏ်ရာရသွားတယ် ၊ သူတို့ဘက် အထိအခိုက်ရှိလို့ ရွာကိုဝင်ပြီး မီးရှို့တာ ဖြစ်တယ် ၊ ဒေသခံ ရွာသူရွာသားတွေကတော့ အကုန်ရှောင်နေရတယ် " ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုသည် ။

စစ်ကောင်စီတပ်သည် ကနီမြို့နယ်တွင်လည်း သင်တောကျေးရွာ နှင့် ကင်းကျေးရွာ များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကပိုင်ကျေးရွာ

#ယင်းမာပင်

#မီးရှို့

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly