ရွှေညောင်မြို့ EPC ရုံး ဗုံးခွဲသတိပေးခံရ

ရွှေညောင်မြို့ EPC ရုံး ဗုံးခွဲသတိပေးခံရ

ဩဂုတ် ၁၉

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့လျှပ်စစ် အင်ဂျင်နီယာရုံး(EPC)ကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့(JPGF)မှ ဗုံးခွဲသတိပေးခဲ့ကြောင်း ဩဂုတ်လ ၁၈ ရက်နေ့က ၎င်းတို့၏ လူမှုကွန် ရက်စာမျက်နှာတွင် အသိပေးထုတ်ပြန်ထားသည်။

ရွှေညောင်မြို့ရှိ EPC ရုံးသည် စစ်ကောင်စီအလိုကျ မီတာခွန်များကို အတင်းအဓမ္မကောက်ယူခြင်း၊ မီတာ မဆောင်သူများအားမီးဖြတ်မည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျှက်ရှိသည်။

ပြည်သူများ အစစအရာရာခက်ခဲနေချိန်တွင် ခြိမ်းခြောက်ဖိနှိပ်ခြင်းဖြစ်ပြီး မလျော်ကန်သောအဆိုပါ လုပ်ရပ်များကို ရပ်တန်းကရပ်ရန် သြဂုတ်လ ၁၆ ရက် နံနက် ၆ နာရီခန့်တွင် အပျော့စားဗုံးခွဲ၍ သတိပေး လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လူတော့ ထိခိုက်မှုမရှိဘူးဗျ။ အဆောက်အဦးရယ် ရုံးဝင်းထဲက ကားရယ်တော့ ထိသွားတယ်။ EPC ရုံးက ရဲစခန်းရှေ့မှာရှိတာ။ လူတွေထိခိုက်သွားမှာစိုးလို့ ကားနားကိုပဲ ပစ်ခဲ့တယ်။ သတိပေးရုံလောက်နဲ့ ပြည်သူ တွေထိသွားရင်မကောင်းလို့ဆိုပြီး ကားနားကိုပဲ ပစ်ခဲ့တာပါ” ဟု ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)၏ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီအလိုကျ ပြည်သူလူထုအပေါ် ခြိမ်းခြောက်ဖိနှိပ်ခြင်းများ ဆက်လက်ပြု လုပ်မည်ဆိုပါက လုံးဝခွင့်လွှတ်မည်မဟုတ်ဟု ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) က အသိပေး ကြေညာ ထားသည်။

ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF)သည် ယခုနှစ်အစောပိုင်းက ရွှေညောင်မြို့ ရဲစခန်းအား ဗုံးခွဲတိုက် ခိုက် ခဲ့သေးသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ် ။ ။ စောဖေ

#ရှမ်းပြည်နယ်

#ရွှေညောင်မြို့

#EPCရုံး

#ဗုံးခွဲသတိပေး

#ချိုးဖြူပြောက်ကျားတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly