ရေဦးမြို့နယ် ဇေယျဝတီ ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၅၉ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

By လွှမ်းမိုး
18 August 2022
ရေဦးမြို့နယ် ဇေယျဝတီ ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၅၉ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ဩဂုတ် ၁၈

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အနောက်တောင်ဘက် ခြောက်မိုင်ခန့်အကွာရှိ ဇေယျာဝတီကျေးရွာကို စစ်ကောင်စီတပ်က သြဂုတ်လ ၁၃ရက် နံနက် ၇နာရီအချိန်ခန့်တွင် မီးတင်ရှို့ခဲ့ကြောင်း သိရသည်။

အဆိုပါမီးရှို့မှု ဖြစ်စဥ်တွင် ဇေယျာဝတီကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၅၉ လုံး မီးလောင်ပြာကျသွားကြောင်း ဒေသခံ ပြည်သူတစ်ဦးက ဆိုသည် ။

" စစ်ကောင်စီတပ် ခန့်မှန်း အင်အားကတော့ ၁၄ဝ လောက် ရှိမယ် ၊ သြဂုတ်လ ၁၃ရက်နေ့ နံနက်ခင်း ၇နာရီလောက်ကနေ စရှို့တာ တစ်နေကုန်ပဲ ၊ အိမ်ခြေကတော့ ၅၉လုံး မီးလောင်ပြာကျသွားတယ် " ဟု ဒေသခံပြည်သူ တစ်ဦးက ဆိုသည် ။

ယင်းကျေးရွာကို မီးရှို့သွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ဒီပဲယင်းမြို့နယ် အတွင်းသို့ ရောက်ရှိသွားပြီး ကျေးရွာများကို ဆက်လက်မွှေနှောက် မီးရှို့ မှုများ လုပ်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ရေဦးမြို့နယ်

#စစ်ကောင်စီစစ်ကြောင်း

#မီးရှို့

#ဇေယျာဝတီကျေးရွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly