တီးတိန်မြို့နယ်တွင် စစ်ကောင်စီတပ်က အသက်မပြည့်သေးသည့်မောင်နှမ ၂ ဦးအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်

တီးတိန်မြို့နယ်တွင် စစ်ကောင်စီတပ်က အသက်မပြည့်သေးသည့်မောင်နှမ ၂ ဦးအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်

ဩဂုတ်လ ၁၇ ရက်

ချင်းပြည်နယ် တီးတိန်မြို့နယ် ဟိုင်‌မွာလ်ရွာသစ်မှ အသက်မပြည့်သေးသည့် မောင်နှမနှစ်ဉီး အား စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး နှိပ်စက်ညှဉ်းပန်းကာ သတ်ဖြတ်ခဲ့ကြောင်း ချင်း ကာကွယ်ရေးတပ်ဖွဲ့-ဟွားငိုးလ်ရမ်း CDF – Hualngoram မှ ဩဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ထား သည်။

ဩဂုတ်လ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်များ ဟိုင်မွာလ်ရွာသစ်သို့ ဝင်ရောက်တိုက် ခိုက်ခဲ့ပြီး အသက်မပြည့်သေးသည့်လူငယ်နှစ်ဉီးဖြစ်သော လားနွန်ပွီးရီး(၁၇နှစ်)နှင့် လားရွပ်မောယာ (၁၅နှစ်) တို့အား ဖမ်းဆီးခေါ်ဆောင်သွားပြီး လူဆန်စွာနှိပ်စက်ညှင်းပန်းသတ်ဖြတ်ပြီး အလောင်းကို တော တွင်းတစ်နေရာ၌ စွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“သူတို့ကို ဘာမှမပြန်မလုပ်နိုင်တဲ့ အပြစ်မဲ့လူငယ်ကလေးကို လူမဆန်စွာ ရက်ရက်စက်စက် နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်တဲ့အပေါ်မှာ အရမ်းနာကျင်ကြေကွဲရပါတယ်။ စစ်ခွေးတွေအပေါ်ကို နည်းနည်း ညှာတာမှုပြတဲ့ အရိပ်အယောင် စကားတောင်မှ မကြားချင်ဘူး။ ဒီလိုယုတ်မာတဲ့ စစ်မိစ္ဆာကောင်တွေကို အမြစ်ပြတ်တိုက်ထုတ်ဖို့ စိတ်ဓာတ်တွေပြတ်သားပြီး ပိုခိုင်မာလာတယ်”ဟု အသက်ဆုံးရှုံးခဲ့သော မိသားစု နှင့်ရင်းနှီးသူတစ်ဉီးက မဇ္စျိမကိုပြောသည်။

ဩဂုတ်လ ၁၆ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့ရသောအလောင်းများတွင် ဉီးခေါင်းများကြေမွနေပြီး မျက်နှာ များတွင်လည်း ရိုက်နှက်ထုထောင်းထားသောဒဏ်ရာများဖြင့် ညိုမဲနေပြီး သေနတ်ဒဏ်ရာလည်း တွေ့ရှိရ ကြောင်းဆိုသည်။

၎င်းတို့မိသားစုသည် ဟိုင်မွာလ်ရွာမှ အခြားရွာသို့စစ်ဘေးရှောင်နေရပြီး ယင်းနေ့တွင် အိမ်၌ကျန်ရစ်ခဲ့ သော ပစ္စည်းအချို့ ပြန်လာသယ်သူရင်း ယခုကဲ့သို့ဖြစ်ပွားရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် မောင်နှမနှစ်ဦးတွင် အငယ်ကလေးသုံးယောက်နှင့် မိဘများကျန်ရစ်ခဲ့ပြီး ၎င်းတို့၏ ရုပ် အလောင်းအား ခရစ်ယာန်ထုံးတမ်းစဉ်လာအရ သင်္ဂြိုလ်ပြီးစီးကြောင်း ဆိုသည်။

ယင်းမောင်နှမ အဖမ်းခံရသည့်နေ့က ဟိုင်းမွာလ်ရွာသစ်တွင် စစ်ကောင်စီတပ်များက ဆန်စက်တစ်လုံး အပါအဝင်လူနေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဟိုင်မွာလ်ရွာသစ်သည် အိန္ဒိယ - မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ရိဒ်ခေါဒါရ်မြို့နှင့်မနီးမဝေးတွင် တည်ရှိသော ကျေးရွာတစ်ရွာဖြစ်သည်။

ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၂ နာရီအချိန်က ရိဒ်ခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက်တွင် စခန်းချထားသော စစ်ကောင်စီတပ်အား CNDF, PDF-Zoland, CDM-Siyin, MEDF ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီးဝေမျိုးပိုင်အပါအဝင် ငါးဉီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ် ။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly