ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရပ်ကွက်အချို့ ရေနစ်မြုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရပ်ကွက်အချို့ ရေနစ်မြုပ်

ဩဂုတ်လ ၁၇ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနစ်မြှုပ်မှုဖြင့် ကြုံတွေ့နေကြောင်း ဒေသခံများထံက သိရသည်။

ဩဂုတ်လ ၁၆ ရက် ည ၁၁နာရီကျော်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် ည ၁ နာရီခန့်မှစတင်ကာ ရေများတက်လာပြီး ကျောက်ဖြူမြို့ မြေနိမ့်ပိုင်းရပ်ကွက်တချို့တွင် ရေနစ်မြုပ်ခဲ့ခြင်းဟုဆိုသည်။

“ ကျနော်တို့ ကယ်ဆယ်ရေးလုပ်တဲ့ သမ္ဗာန်ချောင်းရပ်ကွက်မှာ ခြောက်ပေလောက် ရေတက်ပါတယ်။ ကျန်တဲ့အပိုင်းတွေမှာတော့ လေးပေ ကျော်လောက်ရေတက်ပါတယ် ” ဟု လေးဝတီကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ကိုဂျပန်ကြီးက ပြောသည်။

ကျောက်ဖြူမြို့အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ် (၄) ရပ်ကွက်တွင်လည်း ရေနစ်မြှုပ်နေသည်ဟုသိရသည်။

ရေနစ်မြှုပ်နေသည့် ရပ်ကွက်များမှာ စပယ်မွှေးရပ်ကွက်၊ သမ္ဗာန်ချောင်းရပ်ကွက်၊ အရာရှိရပ် ကွက်နှင့် စေတီတောင်ရပ်ကွက်တို့ ဖြစ်ကြောင်းဆိုသည်။

သမ္ဗာန်ချောင်းရပ်ကွက်အတွင်း ရေ ခြောက်ပေ ခန့်နစ်မြုပ်နေသည့်အတွက် ပြည်သူများကို ကျောက်ဖြူမြို့၊ အ.လ.က (၄) စာသင်ကျောင်းသို့ အရေးပေါ်ပြောင်းရွှေ့ထားရကြောင်းလည်းသိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly