ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းသည် ရိုးသားဖြောင့်မတ်မှုနှင့် ပွင့်လင်းမြင်သာမှု စကားလုံးများသုံးပြီး ပြည်သူများကို လိမ်ညာခဲ့ဟု လက်ရှိဝန်ကြီးချုပ် စွပ်စွဲ

By The Nation
16 August 2022
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းသည် ရိုးသားဖြောင့်မတ်မှုနှင့် ပွင့်လင်းမြင်သာမှု စကားလုံးများသုံးပြီး ပြည်သူများကို လိမ်ညာခဲ့ဟု လက်ရှိဝန်ကြီးချုပ် စွပ်စွဲ

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် နီယာ့ဇီ ခန်းသည် ရိုးသားဖြောင့်မတ်မှု၊ ပွင့်လင်းမြင်သာရှိမှုနှင့် တာဝန်ခံမှု တို့ကို အမည်တပ် အကြောင်းပြပြီး ပြည်သူများကို လိမ်လည် လှည့်ဖြားခဲ့ကြောင်း လက်ရှိဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က ဩဂုတ် ၄ ရက်တွင် ပြောကြားလိုက်သည်။

“ပြည်ပ ငွေကြေးထောက်ပံ့မှုဆိုင်ရာ တရားရုံး ဆုံးဖြတ်ချက်က သူ့ (အီမရန်) ရဲ့ ပြောစကားတွေကို ပျက်ပြားစေခဲ့သလို သူဟာ တကယ်တမ်းမှာ လူလိမ်တစ်ယောက် ဖြစ်တယ်ဆိုတာကို ပြသနေခဲ့ပါတယ်။ မိမိတို့ ညွန့်ပေါင်း အစိုးရ အနေနဲ့ ဒီ တရားရုံး ဆုံးဖြတ်ချက်ကို ကျိုးကြောင်းဆီလျော်တဲ့ ပြီးပြတ်မှုနိဂုံးတစ်ခုဆီ ရောက်အောင် လုပ်ဆောင်သွားပါမယ်” ဟု ရှာရစ်က ဆိုရှယ်မီဒီယာ ပလက်ဖောင်း တွစ်တာတွင် ရေးသည်။

အီမရန်ခန်းသည် ၈နှစ်တာ ကာလအတွင်း တရားစီရင်ချက်ကို နှောင့်နှေးစေရန် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ သုံးနိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ကြောင်း ၎င်းက ပြောသည်။

“အဲဒါတွေထဲမှာ အစ္စလမ်မာဘတ် ဗဟိုတရားရုံးမှာ တင်ခဲ့တဲ့ လျှောက်ထားချက် ကိုးခုနဲ့ ရွှေ့ဆိုင်းမှု ၅၀ ကျော် ပါပါတယ်။ ငါးနှစ်တာအတွင်းမှာ သူဟာ ကျမ်းကျိန်လွှာ အမှားတွေကို တမင် သိလျက်နဲ့ တင်ခဲ့ပါတယ်။ ခုချိန်မှာတော့ ပီတီအိုင် ပါတီဟာ သံသယဖြစ်စရာ မလိုဘဲ နိုင်ငံခြားငွေကြေးထောက်ပံ့တဲ့ ပါတီတစ်ခုဆိုတာကို သက်သေပြနိုင်ခဲ့ပါပြီ” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required