အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးကို ပြတ်ပြတ်သားသား ကာကွယ်သွားမည်ဟု ထိုင်ဝမ် သမ္မတ ပြောကြား

By CNA
15 August 2022
အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးကို ပြတ်ပြတ်သားသား ကာကွယ်သွားမည်ဟု ထိုင်ဝမ် သမ္မတ ပြောကြား

တရုတ်စစ်ရေးခြိမ်းခြောက်မှုမှာ မြင့်မားနေဆဲဖြစ်ပြီး ထိုင်ဝမ်က အဆိုပါ အန္တရာယ် သို့မဟုတ် အငြင်းပွားမှုများကို အရှိန်မြှင့်ရန် မကြိုးပမ်းသော်လည်း အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးကို ပြတ်ပြတ် သားသား ကာကွယ်သွားမည်ဟု သမ္မတ စိုင်အင်းဝမ်က ပြောကြားလိုက်သည်။

ROC လေတပ်တိုက်ခိုက်ရေးကွပ်ကဲမှုဌာနချုပ်သို့ သွားရောက်လည်ပတ်စဉ်အတွင်း စစ်ရေးအကျဉ်းချုပ် ရှင်း လင်းချက်တစ်ခုအား နားထောင်ခဲ့ပြီး ထိုင်ဝမ်တစ်ဝိုက်တွင် ဖြစ်ပေါ်နေသော လေကြောင်းကာကွယ်ရေးနှင့် ဒုံးကျည်ကွပ်ကဲမှုအဖွဲ့ဝင်များ၊ လေတပ်အဖွဲ့ဝင်များကို အွန်လိုင်းမှ ဗီဒီယိုဖြင့် သမ္မတက ပြောကြားခဲ့ချိန်တွင် ယင်းကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ .

တရုတ်၏ မကြာသေးမီက ပြုလုပ်ခဲ့သည့် ထိုင်ဝမ်ပတ်ပတ်လည်တွင် ကျည်အစစ်များ ဖြင့် စစ်ရေးလေ့ကျင့်မှု အတွင်း နိုင်ငံ၏ ဝေဟင်ကို တစ်ချိန်လုံးကာကွယ်ပေးမှုအတွက် ထိုင်ဝမ် ပြည်သူများ ကိုယ်စား လေတပ်အား ကျေးဇူးတင်ရှိကြောင်း သမ္မတစိုင်က မိန့်ခွန်းအတွင်း ပြောကြားခဲ့သည်။

တရုတ်၏ စစ်ရေးခြိမ်းခြောက်မှု မြင့်မားနေသော်လည်း ထိုင်ဝမ်သည် ပဋိပက္ခကို အရှိန်မြှင့်မည် မဟုတ်ကြောင်း နှင့် အငြင်းပွားမှုများကို နှိုးဆော်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ် လက်နက်ကိုင်တပ်ဖွဲ့များ၏ ရည်မှန်းချက်မှာ ရန်စကျူးကျော်ရန်မဟုတ်ဘဲ စစ်ပွဲအတွက် ပြင်ဆင်ရန်နှင့် စစ်ပွဲ ဖြစ်ပွားပါက နောက်မဆုတ်ဘဲ ရင်ဆိုင်ရန်ဖြစ်သည်ဟု စိုင်က ပြောကြားခဲ့သည်။

တရုတ်၏ ရန်စမှုများကြောင့် ထိုင်ဝမ်စစ်တပ်၏ ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားလာသော်လည်း ထိုင်ဝမ်ပြည်သူများက လက်နက်ကိုင်တပ်ဖွဲ့များကို စည်းလုံးညီညွတ်စွာ ပံ့ပိုးကူညီပေးနေသည်ဟု သူမက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required