ကမ္ဘာလုံးဆိုင်ရာ လွှတ်တော်အမတ်များက ထိုင်ဝမ်အပေါ် တရုတ်၏ ခြိမ်းခြောက်မှုများကို စိုးရိမ်ကြောင်း ပြောကြား

By ANI
15 August 2022
ကမ္ဘာလုံးဆိုင်ရာ လွှတ်တော်အမတ်များက ထိုင်ဝမ်အပေါ် တရုတ်၏ ခြိမ်းခြောက်မှုများကို စိုးရိမ်ကြောင်း ပြောကြား

ထိုင်ဝမ်သို့ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီ လာရောက်လည်ပတ်ပြီးနောက် တရုတ်စစ်ဘက်ဆိုင်ရာခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း ကမ္ဘာ့လုံးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ တစ်ဖွဲ့က ထုတ်ဖော်ပြောကြားလိုက်သည်။

တရုတ်၏ မကြာသေးမီက စစ်ရေးအရ ခြိမ်းခြောက် မှုများ မြင့်တက်လာခြင်းနှင့် ပတ်သတ်ပြီး အလွန်စိုးရိမ်ပူပန် ကြောင်း ဒီမိုကရေစီနိုင်ငံများမှ ပါလီမန်ဆိုင်ရာ ပါတီများ မဟာမိတ်အဖွဲ့ဖြစ်သည့် တရုတ်ဆိုင်ရာ နိုင်ငံတကာ ပါလီမန်အမတ်များ(IPAC) က ပြောကြားလိုက်သည်။

ထိုင်ဝမ်ရေလက်ကြားတွင် ကျည်ဆန်အစစ်များဖြင့် ပစ်ခတ်လေ့ကျင့်မှု၊ အလယ်မျဉ်းကို ဖြတ်ပြီး စစ်လေယာဉ် များ ထပ်ခါတလဲလဲပျံသန်းမှုများနှင့် ထိုင်ဝမ်ကိုကျော်ပြီး ဂျပန်သီးသန့်စီးပွားရေးဇုန်အတွင်းသို့ ပဲ့ထိန်းဒုံးကျည် များ ပထမဆုံးအကြိမ် ပစ်လွှတ်မှုနှင့်အတူ တရုတ်စစ်တပ်၏ လုပ်ရပ်သည် ဆစုနှစ်များအတွင်း အဆိုးဆုံး လုပ်ရပ်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ပေလိုစီဦးဆောင်သော အမေရိကန်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီးနောက် ထိုင်ဝမ်ရေ လက်ကြားတွင် ပြီးခဲ့သည့် သီတင်းပတ်က တင်းမာမှုများ ဖြစ်ပွားခဲ့သည်။ “ထိုင်ဝမ်အပေါ် ထားရှိသည့် ခိုင်မာသည့် အမေရိကန်၏ ကတိကဝတ်ကို ထပ်မံ အလေးပေးမှုအဖြစ် ယင်းခရီးစဉ်ကို ကြိုဆိုကြောင်း” ထိုင်ဝမ်က ပြောကြားခဲ့သည်။

နော့ဂင်းရစ်သည် ထိုင်ဝမ်သို့ ၁၉၉၇ ခုနှစ် ဧပြီလတွင် ရောက်ရှိလာပြီးနောက် ၂၅ နှစ်အတွင်း အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌတစ်ဦး၏ ပထမဆုံးသော ခရီးစဉ်ဖြစ်သည်။

ယင်းသည် ဆယ်စုနှစ်နှစ်စုကျော်အတွင်း အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ပထမဆုံး ထိုင်ဝမ်ခရီးစဉ်လည်း ဖြစ်သည်။

ခွဲထွက်ပြည်နယ်အဖြစ် သတ်မှတ်ထားသော ထိုင်ဝမ်အနီးတွင် တရုတ်က စစ်ရေးလေ့ကျင့်မှု အများအပြားကို ပြုလုပ်ခဲ့သည်။

အဆိုပါ ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုတွင် တရုတ်စစ်လေယာဉ်အစင်းရေ ၁၀ဝ ကျော်နှင့် စစ်သင်္ဘော ၁၀ စင်း ပါဝင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required