နီပေါကို အကြွေးနှင့် ဇိမ်ကျကျနေရန် တရုတ်က အားပေးနေခြင်းက နောက်ထပ် ကြွေးမြီထောင်ချောက်အတွက် နှိုးဆော်သံဖြစ်

By ANI
15 August 2022
နီပေါကို အကြွေးနှင့် ဇိမ်ကျကျနေရန် တရုတ်က အားပေးနေခြင်းက နောက်ထပ် ကြွေးမြီထောင်ချောက်အတွက် နှိုးဆော်သံဖြစ်

တရုတ်က နီပေါတွင် သြဇာလွှမ်းမိုးမှုချဲ့ထွင်ရန် တစိုက်မတ်မတ် ကြိုးပမ်းနေစဉ် နီပေါကို အကူအညီမပေးဘဲ အသုံးချရန် ပြန်မဆပ်နိုင်သော အကြွေးများဖြင့် တစ်ရစ်ပြီး တစ်ရစ် ထောင်ချောက်ဆင်ရန် တရုတ်က ရည်မှန်းနေခြင်းကြောင့် စိုးရိမ်မှုများ မြင့်တက်လာကြောင်း လေ့လာသူများက ပြောကြားသည်။

ယင်းအခြေအနေက နီပေါကို အကြွေးနှင့် ဇိမ်ကျကျနေရန် တရုတ်က အားပေးနေခြင်းဖြစ်သည်။

နီပေါဝန်ကြီးချုပ် ကာမယ်လ် ဒါဟယ်လ်၏ ဦးဆောင်မှုအောက်၌ နီပေါနှင့် တရုတ်တို့သည် ၂၀၁၇ ခုနှစ် မေလတွင် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

သို့သော် စီမံကိန်းအရ သဘောတူညီချက် တစ်စုံတစ်ရာ ချမှတ်ထားခြင်း ရှိ၊ မရှိ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

နှစ်နိုင်ငံ သဘောတူညီချက်က နီပေါတွင် အခြေခံအဆောက်အအုံများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် ဖြစ်သည်ဟု ယုံကြည်ရသည်။

သို့သော် မြင်သာထင်သာရှိသော စီမံကိန်းကို ဆက်လက်လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ BRI လက်မှတ်ရေးထိုး ပြီး ၅နှစ်ကြာပြီဖြစ်သော်လည်း စီမံကိန်းတစ်ခုမျှ အပြီးသတ်နိုင်ခြင်းမရှိသေးပေ။

တရုတ်အနေဖြင့် သဘောတူညီချက် တစ်စုံတစ်ရာကို လျှို့ဝှက်ထားလေ့ရှိသော အစဉ်အလာကြောင့် ဖြစ်သည်။

ကီရမ်-ခေတ္တမန္ဒူ ရထားလမ်းကဲ့သို့သော စီမံကိန်းများအတွက် အတိုင်းအတာတစ်ခုအထိ သဘောတူညီမှု ရရှိခဲ့ကြောင်းလည်း ဆွေးနွေးမှုများလည်း ရှိသည်။

တရုတ်ချေးငွေများသည် ဂျပန်ချေးငွေထက် အတိုးနှုန်း အဆ ၁၅၀ ပိုများသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly