စစ်‌ဘေးရှောင်များအတွက် ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ဆန်အိတ် ၅၀ Challenge ခေါ်ယူ

စစ်‌ဘေးရှောင်များအတွက် ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ဆန်အိတ် ၅၀ Challenge ခေါ်ယူ

ဩဂုတ်လ ၁၅ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက်၊ ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ''ပြည်သူမှ ပြည်သူသို့'' ဆန်အိတ် ၅၀ Challenge ခေါ်ယူ၍ ရှမ်းတောင်ရှိ စစ်ဘေးရှောင်ပြည်သူများအား လှူဒါန်းသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁၄ ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။

''ဆန်အိတ် Challenge က ရက်သတ်မှတ်ထားတာမျိုး မရှိဘူးဗျ၊ အိတ် ၅၀ မပြည့်မချင်းပါ၊ ရှမ်းတောင်က စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။''ဟု ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ရှမ်းတောင်ရှိ စစ်ဘေးရှောင်ပြည်သူများ အရေးပေါ်စားနပ်ရိက္ခာ လိုအပ်နေသည့်အတွက်ကြောင့် ဆန်အိတ် ၅၀ Challengeကို ခေါ်ယူခြင်းဖြစ်ပြီး လှူဒါန်းလိုသူများအနေဖြင့် ချိုးဖြူပြောက်ကျားတပ်ဖွဲ့၏ Page messenger သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ရှမ်းတောင်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်လိုအပ်လျက်ရှိသော မိုးကာ၊စောင်၊အနွေးထည်၊အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများနှင့် ကျောင်းသုံးစာအုပ်၊ခဲတံများအား ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ သြဂုတ်လ ၄ ရက်နေ့နှင့် သြဂုတ်လ ၁၃ ရက်နေ့တို့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly