ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ဂီတပွဲတော် ကျင်းပ

By ANI
15 August 2022
ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ဂီတပွဲတော် ကျင်းပ

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှ အဆိုတော်များသည် ဒဲလိတ်ရေကန်နံဘေးရှိ ဇာဘာဝမ် ပန်းခြံတွင် တေးဂီတ ဖျော်ဖြေပွဲမှုများကို ဩဂုတ် ၆ ရက်က ကျင်းပခဲ့ကြသည်။

အဆိုပါ ဂီတပွဲတော်ကို Jashn-E-Kashmir ဟု အမည်ပေးခဲ့ကာ One Digital Entertainment and Bunty Bains Productions နှင့် Alternate Kashmir Productions တို့က ပူးပေါင်း စီစဉ်ခဲ့ခြင်းဖြစ်သည်။

“အရင်တုန်းက ဒီလောက်တောင်လှတဲ့နေရာကို ကျွန်မမရောက်ဖူးခဲ့ဘူး။ ဒီနေရာမှာ ဂီတဖျော်ဖြေပွဲတစ်ခု လုပ်ဖို့ဆိုတာ အိပ်မက်တစ်ခုပါပဲ။ အခုတော့ ပြည့်ဝခဲ့ပါပြီ” ဟု အစီအစဉ်တွင် ပါဝင်ခဲ့သည့် တေးသံရှင် အက်ဖ်ဆာတာခန်းက ပြောသည်။

ယင်းဒေသရှိ ပြည်သူများသည်လည်း လှပကြောင်း သူမက ပြောသည်။ “ဒီဒေသက ပြည်သူတွေရဲ့ ဧည့်ဝတ်ပြုငှာမှုကိုတော့ ချစ်သွားပြီ။ အားလုံးက ချစ်စရာကောင်းပြီး ဂရုလည်းစိုက်ကြတယ်”

“နောင်ကိုလည်း ကက်ရှ်မီးယားမှာ ဂီတဖျော်ဖြေပွဲတွေ ထပ်ပြီး လုပ်ချင်ပါသေးတယ်” ဟု သူမက ပြောသည်။

Bunty Bains Production ၏ ပိုင်ရှင် ဘန်တီဘိန်းစ်က “ကက်ရှ်မီးယားမှာ အခုလို ဂီတဖျော်ဖြေပွဲ ကျင်းပရလို့ ဝမ်းမြောက်ပါတယ်။ နောင်ကိုလည်း ကျင်းပသွားဖို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြားသည်။

One Digital Entertainment ၏ အကြီးတန်း မန်နေဂျာ ဂျက်စ်ပရက်ကူးကလည်း “ ပရိသတ်တွေနဲ့ လာရောက်သူတွေရဲ့ သဘောကျတဲ့ တုန့်ပြန်မှုကို ရခဲ့ပါတယ်။ ပွဲကျင်းပဖို့ ကူညီပူးပေါင်းဆောင်ရွက်ပေးသူတွေကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။

ဝန်ကြီးချုပ် မိုဒီအစိုးရက ပုဒ်မ ၃၇၀ ဖျက်သိမ်းခြင်းအပါအဝင် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများကြောင့် ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် လွန်ခဲ့သည့် ၇ လအတွင်း ခရီးသွားဧည့်သည်များ ဝင်ရောက်မှု စံချိန်တင် မြင့်တက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဂျီကစ်ရှန်း ရက်ဒီက ဩဂုတ်လအစောပိုင်းတွင် ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly