RCSS သတင်းပြန်ကြားရေးဌာနမှ အယ်ဒီတာချုပ်ကွယ်လွန်

RCSS သတင်းပြန်ကြားရေးဌာနမှ အယ်ဒီတာချုပ်ကွယ်လွန်

ဩဂုတ်လ ၁၅ ရက်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/ SSA)၏ Tai Freedom media မှ ဒယ်ဒီတာချုပ်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး စိုင်းမိန်းသည် ယနေ့ သြဂုတ်လ၁၅ ရက် မနက်ပိုင်းက ကွယ်လွန်သွားကြောင်း Tai Freedom Media ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

RCSS/SSA ၏ပြောရေးဆိုခွင့်ရှိသူဟောင်းတစ်ဦးလည်းဖြစ်၊ဗိုလ်ချုပ်ကြီးယွက်ဆစ်၏ စကားပြန်ဟောင်းတစ်ဦးလည်း​ဖြစ်ခဲ့ဖူးသူ ဒုတိယဗိုလ်မှူးကြီးစိုင်းမိန်းသည် ချင်းမိုင်မြို့ရှိ ဆေးရုံတစ်ခုတွင် နှလုံးရောဂါနှင့်ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၄၃ နှစ်ဖြစ်သည်။

၎င်း၏စျာပနကို သြဂုတ်လ ၁၉ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly