ပါကစ္စတန် ပန်ဂျပ်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်၍ အရေးပေါ်အခြေအနေ ကြေညာ

By The Print
14 August 2022
ပါကစ္စတန် ပန်ဂျပ်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်၍ အရေးပေါ်အခြေအနေ ကြေညာ

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် ရာဝယ်ပင်ဒီခရိုင်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ လူနာဦးရေ မြင့်တက်နေ၍ ပြည်နယ်ကျန်းမာရေးဌာနက အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့ရကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

ရာဝယ်ပင်ဒီခရိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေကို “အထူး သတိထားရမည့် အခြေအနေ” ဖြစ်နေကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူဦးရေက ဆက်လက် မြင့်တက်နေကြောင်း ကျန်းမာရေးဌာနက ပြောသည်။

ရာဝယ်ပင်ဒီ ခရိုင်အပြင် လာဟိုး ခရိုင်ကိုလည်း သွေးလွန်တုပ်ကွေးရောဂါ အထူးသတိထားရမည့် အခြေအနေ အဖြစ် ပန်ဂျပ် ကျန်းမာရေးဌာနက ကြေညာထားကြောင်း The Express Tribune က ဖော်ပြသည်။

ထိန်းချုပ်၍ မနိုင်တော့သည့် အခြေအနေအထိ မရောက်စေရေး တားဆီးရန် ရာဝယ်ပင်ဒီ ခရိုင်တွင် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကို အမြစ်ဖြတ်တိုက်ဖျက်ရန် ၁၀၀၀ ကျော် ဖွဲ့စည်းထားသည်။

ခရိုင်တစ်ဝန်း သွေးလွန်တုပ်ကွေးဖျားနာလူနာဟု သံသယရှိသူဦးရေက ၉၁ ဦးအထိ မြင့်တက်ခဲ့ပြီး ၎င်းတို့အနက် ၂၉ ဦးသည် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ပြင် ရောဂါဖြစ်ပွားသူဦးရေ မြင့်တက်လာခဲ့ပါက အသင့်ဖြစ်နေရန် ဆေးရုံများတွင်လည်း လိုအပ်သည့် ပစ္စည်းပစ္စယများကို ပြင်ဆင်လုပ်ဆောင်လျက် ရှိသည်။သက်ဆိုင်ရာ ဆေးရုံအားလုံးတွင် အရေးပေါ်

အခြေအနေတစ်ခုအဖြစ် သွေးလွန်တုပ်ကွေး ရောဂါကို ကုသနိုင်ရေး လိုအပ်သည့် စီစဉ်မှုများ လုပ်ဆောင်ထားရန် ကျန်းမာရေးဌာနကို သက်ဆိုင်ရာအာဏာပိုင်တို့က ညွှန်ကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly