တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ပိုင်နက်ကြေညာမှုအပေါ် အာဆီယံ စိုးရိမ်နေ

By ANI
14 August 2022
တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ ပိုင်နက်ကြေညာမှုအပေါ် အာဆီယံ စိုးရိမ်နေ

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)က တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ မြေယာပြန်လည် နေရာချထားရေးလှုပ်ရှားမှုများအပေါ်စိုးရိမ်ကြောင်း ဖော်ပြလိုက်သည်။

"တောင်တရုတ်ပင်လယ် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ဒေသတွင်း မြေနေရာ ပြန်လည်နေရာချထားမှု၊ လှုပ်ရှားမှုများ၊ ပင်လယ်ပြင်ဝန်းကျင်ကို ပျက်စီးစေပြီး ယုံကြည့်မှု ပျက်ယွင်းစေကာ တင်းမာမှု မြင့်တက်လာ စေသည့် ပြင်းထန်သော မတော်တဆမှုများက ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်မှုကို အားနည်း စေနိုင်သည်” ဟု အာဆီယံပူးတွဲကြေညာချက်က ဖော်ပြထားသည်။

၅၅ ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး (AMM) ကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ တွင် ၂၀၂၂ခုနှစ် သြဂုတ် ၃ရက်က ကျင်းပခဲ့သည်။

ထိုအစည်းအဝေးကို အာဆီယံလုပ်ဆောင်မှု - စိန်ခေါ်မှုများကို အတူတကွ ကိုင်တွယ်ဖြေရှင်းခြင်း ခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယားက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။

"အပြန်အလှန်ယုံကြည်ပိုမိုတည်ဆောက်ရန်၊ အခြေအနေများကို ရှုပ်ထွေးစေပြီး အငြင်းပွားမှုမြင့်တက်စေကာ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိခိုက်စေသည့် လှုပ်ရှားမှုများကို မပြုလုပ်အောင်ထိန်းချုပ်ရန်၊ အခြေအနေကို ပိုမိုရှုပ်ထွေးစေသည့် လုပ်ဆောင်မှုများကို ရှောင်ရှားရန် အဖွဲ့ဝင်နိုင်ငံများက ထပ်မံအတည်ပြုလိုက်သည်” ဟု သြဂုတ်လ ၅ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၉၈၂ခုနှစ် ကုလသမဂ္ဂညီလာခံပင်လယ်ပြင်ဆိုင်ရာဥပဒေ (UNCLOS) အပါအဝင် နိုင်ငံတကာက အသိအမှတ် ပြုထားသည့် နိုင်ငံတကာဥပဒေ စည်းမျဉ်းများနှင့် အညီအငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် လိုအပ် ကြောင်း အဖွဲ့က ထပ်လောင်းအတည်ပြုခဲ့သည်။

တရုတ်က တောင်တရုတ်ပင်လယ်ရှိ အခြေအနေများကို တဖက်သတ် ပြောင်းလဲနေခဲ့သည်။ ကိုရိုနာကပ်ရောဂါ ဘေးတစ်ကမ္ဘာလုံးရင်ဆိုင်နေချိန်တွင် တရုတ်က တောင်တရုတ်ပင်လယ်တွင် တည်ရှိမှုတိုးချဲ့နေခြင်းဖြင့် အလုပ်များ နေခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသော ပါရာဆယ်နှင့် စပါတလေ ကျွန်းများကို စီမံခန့်ခွဲရန် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ ၂ ခုကို တည်ထောင်ခြင်းကိုအတည်ပြုခဲ့သည်။

၁၉၈၂ခုနှစ် ကုလသမဂ္ဂညီလာခံ ပင်လယ်ပြင်ဆိုင်ရာဥပဒေ (UNCLOS) သည် အပြည်ပြည်ဆိုင်ရာ သဘော တူညီချက်ဖြစ်ပြီး ပင်လယ်ရေကြောင်းလှုပ်ရှားမှုများအတွက် ဥပဒေအခြေခံမူဘောင်များ တည်ဆောက်ရေး သဘောတူညီချက်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required