တရုတ်က တိဗက်တွင် အခြေခံအဆောက်အအုံများ တိုးချဲ့ကာ လေတပ်စခန်းများကို အဆင့်မြှင့်တင်

By Tibet Rights Collective
14 August 2022
တရုတ်က တိဗက်တွင် အခြေခံအဆောက်အအုံများ တိုးချဲ့ကာ လေတပ်စခန်းများကို အဆင့်မြှင့်တင်

တရုတ်သည် နယ်စပ်ထိန်းချုပ်မျဉ်းအနီး တိဗက်နှင့် ရှင်ကျန်းဒေသတို့တွင် လေဆိပ်နှင့်ရဟတ်ယာဉ်ကွင်း ၃၇ ခုအထိ တည်ဆောက်ထားကြောင်း Financial Express သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ ၎င်းတို့အနက် ၂၂ ခုမှာ အရပ်ဘက်နှင့်စစ်ဘက် နှစ်မျိုးသုံးအတွက် ရည်ရွယ်သည်။

တရုတ်သည် ၂၀၂၀ ခုနှစ်တွင် အဆောက်အဦ အသစ် ၇ ခုနှင့် လေတပ်အခြေစိုက်စခန်း ၇ ခုတို့ကို တိုးမြှင့်တည်ဆောက်ခဲ့သည်။ တရုတ် တည်ဆောက်ထားသောလေတပ်စခန်းများသည် လေကြောင်းချီ ထောက်လှမ်းရေးစွမ်းရည်ကို မြှင့်တင်ရန်နှင့် တရုတ်စစ်တပ်၏ တခြားသောပလက်ဖောင်းများမှ တိုက်ခိုက်မှုနှင့် တန်ပြန်တိုက်ခိုက်မှုများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပုံရသည်။

၂၀၁၇ ခုနှစ်မှစ၍ လေဆိပ် ၅ ခုကို အဆင့်မြှင့်တင်ခဲ့သလို လေယာဉ်ရုံများ၊ ဂိတ်များနှင့် ပြေးလမ်းအသစ်များကို လည်း တည်ဆောက်ထားသည်။

လေဆိပ်အသစ် ၄ ခုအနက် ရှီဂတ်ဆဲတင်ဂရီ၊ လန်ဆဲနှင့် ဂါရီဘူရန်လေဆိပ် ၃ ခုမှာ အိန္ဒိယနယ်စပ်များအနီးမှ ၆၀ ကီလိုခန့်သာ ကွာဝေးသည်။

တရုတ်သည် တိဗက်တွင် ရဟတ်ယာဉ်ကွင်းအသစ် ၅ ခုကိုလည်း တည်ဆောက်ထားပြီး ကွင်းဟောင်း ၂ ခုကို လည်း အဆင့်မြှင့်တင်ထားသည်။

ထို့ပြင် ရှင်ကျန်းပြည်နယ်တွင် ၂၀၁၇ ခုနှစ်မှစ၍ လေဆိပ် ၁၅ ခုကို အဆင့်မြှင့်တင်ခဲ့ပြီး ၎င်းတို့အနက် ၇ ခုမှာ အရပ်ဘက်နှင့် စစ်ဘက်သုံးဖြစ်သည်။ ဟိုတန်လေဆိပ်သည် အရေးပါဆုံးဖြစ်ပြီး နယ်စပ်ထိန်းချုပ်မျဉ်းမှ ၂၄၀ ကီလိုမီတာသာဝေးကာ လေဆိပ်စခန်း၌ အစားထိုးပြေးလမ်းကိုလည်း ပြင်ဆင်ထားသည်။

ထိုလေဆိပ်မှ ၅ ကီလိုမီတာအကွာရှိ တရုတ်စစ်တပ်၏ မြေပြင်မှဝေဟင်ပစ်ဒုံးစခန်းကိုလည်း စစ်အတွင်း အိန္ဒိယလေတပ်၏ တိုက်လေယာဉ်များမှ ကာကွယ်နိုင်စေရန် အဆင့်မြှင့်တင်ထားသည်။

အာရူနာချားပြည်နယ်တစ်ဖက်ရှိ လန်ဂီကောင်တီ နီဂါချီလေတပ်စခန်း၏ လေယာဉ်ပြေးလမ်းအရှည်မှာ ၃ ၀၀၀ မီတာရှည်လျားပြီး ၅၀၀ မီတာ ထပ်မံတိုးချဲ့ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly