သာကေတမြို့ မြင်တော်သာလမ်းပေါ်ရှိ EPC ရုံးအနီး၌ ပေါက်ကွဲမှုဖြစ်ပွား

သာကေတမြို့ မြင်တော်သာလမ်းပေါ်ရှိ EPC ရုံးအနီး၌ ပေါက်ကွဲမှုဖြစ်ပွား

ဩဂုတ်လ ၁၄ ရက်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် မြင်တော်သာလမ်းမပေါ်ရှိ(EPC)ရုံးအနီးမှ စစ်ကောင်စီတပ် ကင်းစောင့်နေသောဘန်ကာအား သြဂုတ်လ ၁၃ ရက် ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့မှ ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“လက်ပစ်ဗုံးတစ်လုံးနဲ့ လှမ်းပစ်လိုက်တာ အုတ်နံရံနားကို ကျသွားတယ်။ ပေါက်ပြီး ခဏနေတော့ ထွက် လာပြီး လမ်းတွေပိတ်ပြီး ဆဲဆိုနေကြတယ်။ ထိတော့ထိတယ် မစိုးရိမ်ရဘူး” ဟု Wolf Warriors STF (WWSTF) အဖွဲ့တာဝန်ရှိသူကပြောသည်။

ပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီတပ်မှ အနီးအနားတွင် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့မှ ပေါက်ကွဲအားပြင်းမိုင်း ခြောက်လုံးထောင်ထားခဲ့သော်လည်း ချို့ယွင်းမှုကြောင့် ပေါက်ကွဲမှုမဖြစ်ခဲ့ဘဲ စစ်ကောင်စီမှ သိမ်းဆည်းသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်မှာ EPC ရုံးအတွင်း အင်အား ၁၄ ယောက်ခန့်ဖြင့်တပ်စွဲထားပြီး ပေါက်ကွဲမှုကြောင့် မစိုးရိမ်ရဒဏ်ရာများ ရရှိနိုင်ကြောင်း ဆိုသည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

ပုံအဟောင်းအသုံးပြုထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly