မြန်မာနိုင်ငံဟာ ခရီးသွားလာဖို့အန္တရာယ်အများဆုံးနိုင်ငံလို့ အထောက်အထားမရှိဘဲ သတ်မှတ်ခံရတယ် ဆိုတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြောဆိုချက် မှားယွင်းနေ

မြန်မာနိုင်ငံဟာ ခရီးသွားလာဖို့အန္တရာယ်အများဆုံးနိုင်ငံလို့ အထောက်အထားမရှိဘဲ သတ်မှတ်ခံရတယ် ဆိုတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြောဆိုချက် မှားယွင်းနေ

ဩဂုတ် ၁၃

ရန်ကုန်(မဇ္ဈိမ) ။ ။ စစ်ကောင်စီ၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာ့အကျိုးမလိုလားသူများက ခရီးသွားလာရန် အန္တရာယ်အများဆုံးနိုင်ငံအဖြစ် မည်သည့်အထောက် အထားမှမရှိဘဲ ပြောဆိုသည်ဟု ပြောကြားခဲ့သည်။

ယင်းပြောကြားချက်မှာ မှားယွင်းနေသည်။

စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲ၌ 97 Media က “ နိုင်ငံပေါင်း ၄၇ နိုင်ငံက ကမ္ဘာလှည့်ခရီးသည် များဟာ နိုင်ငံတကာလေကြောင်းလိုင်း ၁၁ ခုကနေပြီးတော့ ဝင်ရောက်လာလျက်ရှိကြောင်း သိရှိရပါ တယ်။ မေးမြန်းလိုတဲ့မေးခွန်းကတော့ မကြာခင်ကာလမှာရောက်ရှိတော့မယ့် ပွင့်လင်းကာလ ခရီးသွား ရာသီမှာ လာရောက်ကျမယ့် ကမ္ဘာလှည့်ခရီးသည်တွေအတွက် ပြင်ဆင်ဆောင်ရွက်မှုတွေ ဘယ်လိုဆောင် ရွက်ထားတယ်ဆိုတာ ဖြေကြားပေးစေလိုပါတယ်” ဟု မေးမြန်းခဲ့သည်။

ယင်းအမေးအား ဗိုလ်ချုပ်ဇော်မင်းထွန်းက “ မနေ့တစ်နေ့ကတင် ကျွန်တော်တို့ လုပ်ကြံမီဒီယာတချို့နဲ့ အချို့သော မြန်မာ့အကျိုးမလိုလားတဲ့သူတွေက ဘာတွေလာတုန်းဆိုတော့ ဒီခရီးသွားလာဖို့ အန္တရာယ် အများဆုံးနိုင်ငံထဲမှာ ဘာအထောက်အထားမှမရှိဘဲ သူတို့လုပ်တာဖြစ်ပါတယ်” ဟု ထည့်သွင်းဖြေကြားခဲ့သည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးချက်များအရ အမေရိကန်အစိုးရ၏ ခရီးသွားလာမှု အကြံပြုတားမြစ် ချက်တွင် မြန်မာနိုင်ငံသည် အန္တရာယ်အရှိဆုံး အဆင့်(၄)အဖြစ် ပြီးခဲ့သော ဇူလိုင်လက စတင်သတ်မှတ် ထားသည်ကို တွေ့ရသည်။

ပြည်တွင်းမငြိမ်သက်မှု၊ လက်နက်ကိုင်ပဋိပက္ခများအပြင် Covid-19 ဆိုင်ရာ မလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကြောင့် မြန်မာနိုင်ငံသို့ ခရီးမသွားရန် တားမြစ်ထားခြင်းဖြစ်သည်။

တိုက်ပွဲများဖြစ်ပေါ်နေသော ချင်း၊ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ တွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသောလက်နက်များရှိသည့်အပြင် စစ်ကောင်စီ၏ မတရားဖမ်းဆီး ခြင်းခံရနိုင်သောကြောင့် မြန်မာနိုင်ငံသို့ခရီးမသွားလာကြရန် အမေရိကန်အစိုးရမှ သတိပေးတားမြစ် ထားခြင်းဖြစ်သည်။

ယခု https://bit.ly/3C1Xt1O လင့်တွင် ကြည့်ရှုနိုင်သည်။

အလားတူ ဩစတြေးလျအစိုးရနှင့် ကနေဒါအစိုးရတို့ကလည်း လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခ များနှင့် ပြည်တွင်းမငြိမ်သက်မှုများကြောင့် ၎င်းတို့၏နိုင်ငံသားများကို မြန်မာနိုင်ငံသို့ ခရီးသွားလာခြင်း (လုံး၀)မပြုလုပ်ကြရန် ညွှန်ကြားထားကြသည်။

ယခု https://bit.ly/3AhuSVd , https://bit.ly/3SJjhp4 လင့်များတွင် ကြည့်ရှုနိုင်ပါသည်။

မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာအစီရင်ခံစာ အမှတ်(၂၀)တွင် မြန်မာနိုင်ငံတဝှမ်း လူပေါင်း ၁.၂ သန်း ကျော်အထိ အိုးမဲအိမ်မဲ့ဖြစ်နေပြီး ထို့ထဲမှ လူဦးရေ ၉၀၀,၀၀၀ နီးပါးမှာ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနှင့်မလုံခြုံမှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများဖြစ်ကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက် ထိတွေ့တိုက်ခိုက်မှုများနှင့် မလုံခြုံမှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသည့် နေရာ များမှာ စစ်ကိုင်းတိုင်းအပါအဝင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ပါဝင်သည်ဟု ဖော်ပြသည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ အာဏာ သိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဇူလိုင်လကုန်အထိ မတရားဖမ်းဆီးခံရသူ (၁၁,၉၉၄) ဦးရှိနေပြီး နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသူ (၂,၁၈၅) ဦးရှိနေပြီဖြစ်သည်။

အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့ အစည်းများ၏ မီးရှို့ခြင်းကြောင့် နေရာပေါင်း(၄၃၅)နေရာတွင် ပျက်စီးခဲ့သည့်လူနေအိမ်ခြေပေါင်း (၁၈,၈၈၆)လုံး ရှိနေပြီဟု Data for Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင်း စစ်ကောင်စီ၏(၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား သကဲ့သို့ လုပ်ကြံမီဒီယာအချို့နှင့် အချို့သော မြန်မာ့အကျိုးမလိုလားသူများက အထောက်အထားမှမရှိဘဲ မြန်မာနိုင်ငံအား ခရီးသွားလာဖို့ အန္တရာယ်အများဆုံးနိုင်ငံအဖြစ်ဖော်ပြခြင်းမဟုတ်ဘဲ လက်ရှိဖြစ်ပွားနေ သော နိုင်ငံရေးပဋိပက္ခများနှင့် ပြည်တွင်းမငြိမ်သက်မှုများကြောင့် ၎င်းတို့၏နိုင်ငံသားများကို မြန်မာနိုင်ငံ သို့ မသွားရောက်ရန် သက်ဆိုင်ရာအစိုးရများက တားမြစ်ခြင်းသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။ စောဖေ

#Misinformation Buster

#Fake_News

#သတင်းစာရှင်းလင်းပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required