ဟားခါး အမြောက်ကုန်းမှနေ၍ စစ်ကောင်စီက အချက် ၅၀ကျော် ရမ်းသန်းပစ်ခတ်

By ဆလိုင်းဗန်
13 August 2022
ဟားခါး အမြောက်ကုန်းမှနေ၍ စစ်ကောင်စီက အချက် ၅၀ကျော် ရမ်းသန်းပစ်ခတ်

ဩဂုတ် ၁၃

မဇ္ဈိမ။ ။ ချင်းပြည်နယ်၊ဟားခါးမြို့အခြေစိုက်ဗျူဟာ အမြောက်ကုန်းမှနေ၍ ယမန်နေ့ဩဂုတ်လ ၁၂ရက်နေ့၌ စစ်ကောင်စီ အမြောက်တပ်မှတစ်နေကုန်နီးပါး အချက် ၅၀ကျော်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတွေထံမှ သိရသည်။

ပြီးခဲ့သည့်သြဂုတ်လ ၁၀ရက်နေ့ မနက်ပိုင်း ၁၀နာရီခန့်ကလည်း စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်သည့် လက်နက်ကြီးနေအိမ်ပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်း ထမင်းချက်နေသည့် ဟားခါးမြို့အနီး နှီယာလောန်‌ကျေးရွာနေ ဒေါ်ချာနှဲမ် နေရာတွင်ပွဲခြင်းပြီးသေဆုံးခဲ့ပြီးအမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

''မနေ့ကတစ်နေ့လုံး ဟားခါးမြို့အဝင်ဗျူဟာကုန်းမှာ ထိုင်ထားတဲ့အမြောက်ကြီးတွေနဲ့ တစ်နေကုန်ပစ်‌နေတာ၊ အချက် ၅၀ကျော်တယ်၊ ဆူညံနေတာတစ်မြို့လုံးကြားရတယ်၊ ဘယ်တွေကိုရမ်းပစ်ကြလည်းမသိဘူး၊ရဟတ်ယာဉ်နဲ့ လက်နက်ခဲယမ်းတွေ လာပို့တာလည်း တစ်နေကုန်တက်လိုက်ဆင်းလိုက်၊ ဒါကြောင့် ခြောက်တဲ့အနေနဲ့ ရမ်းပစ်ကြတာနေမှာ''ဟု ဟားခါးမြို့ပေါ်နေသူတစ်ဦးက ဆိုသည်။

သည့်အပြင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးဒဏ်ရာရရှိသည့်သူများ၏မိသားစုဝင်များကို CDFများမှ မြို့ပေါ်လာရောက်တိုက်ခိုက်သည့်အတွက် အခုလိုဖြစ်ရကြောင်းနှင့် ထိခိုက်ဒဏ်ရာပျက်စီးမှုများ မဖြစ်ချင်ပါက CDFများအနေဖြင့် မြို့အတွင်း လာရောက်မတိုက်ခိုက်ရန် စစ်ကောင်စီဘက်မှ ပြောဆိုကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီတပ်

#CDF

#ဟားခါးမြို့

#အမြောက်ကုန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly