ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် အကျဉ်းထောင်မှလွတ်မြောက်

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် အကျဉ်းထောင်မှလွတ်မြောက်

ဩဂုတ် ၁၃

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်သည် အကျဉ်းထောင်အတွင်း သုံးနှစ်ကျော်နေထိုင်ခဲ့ရပြီးနောက် လွတ်မြောက်လာပြီဲဖြစ်သည်ဟု သူ၏ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

" သုံးနှစ်၊ သုံးလနဲ့ သုံးပတ် ပြီးတော့ ကျနော်ပြန်ရောက်ပါပြီ၊ ကျေးဇူးပြု၍ ကျနော့်ကို နားလည်ပေးပါ၊ အားလုံးအတွက် ကျေးဇူးတင်ပါတယ်" ဟု အဓိပ္ပါယ်ရသော သတင်းစကားကို ယနေ့နံနက်က အင်္ဂလိပ်လိုရေးသားထားသည်။

စစ်အာဏာရှင်စနစ်ကို မုန်းတီးသော ဗိုလ်ကြီးနေမျိုးဇင်သည် စစ်တပ်မှထွက်ပြီးနောက်ပိုင်း စစ်တပ်ကိုဝေဖန်ဟောပြောရေးသားမှုများကြောင့် မကြာခဏ ဖမ်းဆီးထောင်ချခံခဲ့ရသလို စစ်ကြောရေးတွင်လည်း ညှင်းပန်းနှိပ်စက်ခံခဲ့ရဖူးသည်။ အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) များဖြင့် စစ်တပ်က တရားစွဲဆိုခဲ့၍ ၂၀၁၉ ခုနှစ်တွင်းက ထောင်ချခံခဲ့ရပြီး ယခုလွတ်မြောက်လာခြင်းဖြစ်သည်။

ဓာတ်ပုံ- တရားရင်ဆိုင်မှုတစ်ခုကာလအတွင်း တွေ့ခဲ့ရသော ဗိုလ်ကြီးဟောင်းနေမျိုးဇင်။ စစ်တပ်မှထွက်ပြီးနောက်ပိုင်း အနည်းဆုံး ရှစ်ကြိမ်ထောင်ချခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly