ရေးမြို့နယ် ဟံဂံကျေးရွာတွင် ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၁၆၀၀ နီးပါး ရေလွှမ်းဒဏ်ခံနေရ

By ကိုရွှေမြိတ်
12 August 2022
ရေးမြို့နယ် ဟံဂံကျေးရွာတွင် ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၁၆၀၀ နီးပါး ရေလွှမ်းဒဏ်ခံနေရ

ဩဂုတ် ၁၂

မဇ္ဈိမ ။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ် ဟံဂံကျေးရွာတွင် ဩဂုတ်လ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်ကစတင် ရွာသွန်းခဲ့သည့်မိုးကြောင့် ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေအိမ် ၁၆၀၀ နီးပါး ရေလွှမ်းမိုးမှုဒဏ်ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် အဆိုပါကျေးရွာ၌ မလွှဲတောင် တောင်ကျရေကြောင့် အိမ်ခြေ ၂၀၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ ၁,၆၀၀ နီးပါးရေလွှမ်းမှုခံနေရသည့်အပြင် အိမ်ခြေ ၁၀၀ ခန့်မှာလည်း ရေဘေးလွှတ်ရာသို့ ပြောင်း ရွှေ့နေထိုင်နေရကြောင်း သိ သည်။

လတ်တလောတွင် ရေကြီးရေလျှံမှုကြောင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့စည်းများမှ ကယ်ဆယ်ရေး လုပ်ငန်းများကို လက်ရှိအချိန်အထိ လာရောက်ကူညီပေးခြင်းမရှိသေးဘဲ ဒေသခံများမှ ကိုယ်ထူကိုယ်ထ ပြုလုပ်နေရကြောင်းသိရသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ် ။ ။ စောဖေ

#မွန်ပြည်နယ်

#ရေးမြို့နယ်

#ရေကြီးရေလျှံမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly