ရှမ်းမြောက်ရှိ စက်သုံးဆီအရောင်းဆိုင်များကို အမှန်တကယ် ဆီကုန်နေခြင်း ရှိ၊ မရှိ စစ်ဆေးသွားမည်ဟု PSDA အသိပေး

ရှမ်းမြောက်ရှိ စက်သုံးဆီအရောင်းဆိုင်များကို အမှန်တကယ် ဆီကုန်နေခြင်း ရှိ၊ မရှိ စစ်ဆေးသွားမည်ဟု PSDA အသိပေး

ဩဂုတ် ၁၂

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို အမှန်တကယ်ဆီကုန်နေခြင်း ရှိ၊ မရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ပြီး စက်သုံးဆီရှိပါလျှက် ပြည်သူကိုမရောင်းချပါက အရေးယူသွား မည်ဖြစ်ကြောင်း ပြည်သူ့လုံခြံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ (PSDA)မှ ဩဂုတ်လ ၁၁ ရက်နေ့က သတင်း ထုတ်ပြန်ထားသည်။

PSDA၏ လှုပ်ရှားနယ်မြေအတွင်းရှိ မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း(ကြူကုတ်)နှင့် ကွတ်ခိုင်မြို့နယ်များအတွင်း အဓိကစစ်ဆေးမည်ဖြစ်ပြီး ထိုသို့စစ်ဆေးစဉ် စက်သုံးဆီအရောင်းဆိုင်များမှာ စက်သုံးဆီရှိပါလျှက်နှင့် ဆိုင်များပိတ်ပြီး ပြည်သူလူထုအားရောင်းချခြင်းမပြုလုပ်လျှင် PSDA တပ်ဖွဲ့မှ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိ စက်သုံးဆီဈေး အနည်းငယ်ကျဆင်းနေချိန်တွင် PSDA ၏လှုပ်ရှားနယ်မြေအတွင်းရှိ မြို့၊ ရွာများမှ စက်သုံးဆီဆိုင်များမှာ ပြည်သူလူထုအား ရောင်းချပေးခြင်းမရှိသည်ကို တွေ့ရှိရပြီး ပြည်သူလူထုအနေဖြင့် စက်သုံးဆီမရရှိသည့်အတွက် ကုန်စည်ရောင်းဝယ်မှုနှင့် မြို့တွင်းသွားလာမှုများ အခက်အခဲတွေ့နေခြင်း အပေါ် များစွာစိတ်မကောင်းဖြစ်ရကြောင်းလည်း ဆိုသည်။

PSDA ၏လှုပ်ရှားနယ်မြေအတွင်းရှိ မြို့နယ်များအတွင်းရှိ စစ်သုံးဆီဆိုင်များသည် နိုင်ငံတကာမှမြန်မာ နိုင်ငံသို့ စက်သုံးဆီတင်သွင်းမှုမရှိသည့်အပေါ် စက်သုံးဆီစျေးနှုန်းမြင့်တက်ခဲ့သည့်အပြင် စက်သုံးဆီကို အချိုးကျစနစ်ဖြင့် ရောင်းချခဲ့ကြသည်ဟု သိရသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

#ရှမ်းပြည်နယ်မြောက်ပိုင်း

#ပြည်သူ့လုံခြံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့(PSDA)

#စက်သုံးဆီအရောင်းဆိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required