ဖားကန့်မြို့တွင် KIA ၊PDF၊ NUG ထောက်ခံပွဲနှင့် စစ်ကောင်စီအမြစ်ပြတ် ချေမှုန်းရေး သပိတ်ပြုလုပ်

ဖားကန့်မြို့တွင် KIA ၊PDF၊ NUG ထောက်ခံပွဲနှင့် စစ်ကောင်စီအမြစ်ပြတ် ချေမှုန်းရေး သပိတ်ပြုလုပ်

ဩဂုတ် ၁၁

မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ဩဂုတ်လ ၁၁ရက်နေ့က KIA ၊PDF ၊ NUG ထောက်ခံပွဲနှင့် စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေးသပိတ် ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြပြည်သူများက “KIA ၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေဆိုး နဲ့သေပါစေ၊ စစ်ခွေးတွေကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့ ၊ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွှတ်၊ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကိုအောင်ရမည် “ စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ကချင်ပြည်နယ်

#ဖားကန့်မြို့နယ်

#သပိတ်မှောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly