ကော့သောင်းမှာ အလုပ်က ပြန်လာတဲ့ ရေလုပ်သား ၂ ဦး စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးရာမှ ထိမှန် သေဆုံး

ကော့သောင်းမှာ အလုပ်က ပြန်လာတဲ့ ရေလုပ်သား ၂ ဦး စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးရာမှ ထိမှန် သေဆုံး

ဩဂုတ်လ ၁၀ ရက်

တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ ညပိုင်းတွင် အလုပ်က ပြန်လာသည့် ရေလုပ်သား နှစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးရာမှ နှစ်ဦးစလုံး ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ယင်း မြို့ခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံ ရသည့် လူငယ် နှစ်ဦး အနက် တစ်ဦးသည် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာနေ သူဖြစ်သည်ဟု ကော့သောင်းမြို့ခံ တစ်ဦးက ပြော သည်။

ကော့သောင်းမြို့ခံ တစ်ဦးက“စစ်တပ်က သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခံရတဲ့ လူငယ် နှစ်ဦးက ရေလုပ်သားတွေပါ၊ သူတို့ နှစ်ယောက်က အလုပ်ကနေ ဆိုင်ကယ်နဲ့ ပြန်လာချိန်မှာ ပစ်ခံရတာ ဖြစ်တယ်"ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်ချိန်တွင် ဆိုင်ကယ် တစ်စီးတွင် နှစ်ဦး စီးလာချိန် ဖြစ်ပြီး သေနတ်ကျည်ထိမှန်ချိန်တွင် တစ်ဦးမှာ လမ်းပေါ်တွင် ဆိုင်ကယ်လဲကြပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့် ဩဂုတ်လ ၈ ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ကျန်တစ်ဦးဖြစ်သည့် သရက်ချောင်းမြို့နယ် ကနက်သီရိရွာသား ကိုလွင်ဇော်စိုး သည် သွေးထွက်လွန်‌ပြီး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးသည့် နေ့သည် ရှစ် လေးလုံးနေ့လည်း ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly