ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီတပ် ရေယာဉ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီတပ် ရေယာဉ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်

ဩဂုတ်လ ၉ ရက်

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသော စစ်ကောင်စီရေယာဥ် သုံးစီးအား သြဂုတ်လ ၇ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည် ဟု သိရသည်။

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့က ပြည်သူများထံမှ သိမ်းဆည်းလာသော ဆိုင်ကယ်အစီး၁၀၀ ကျော် တင်ဆောင်လာသည့် ရေယာဥ်တစ်စီးနှင့် ထောက်ပို့ရေယာဉ် နှစ်စီးအား နေရာသုံးနေရာခွဲကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"ပြည်သူရှိတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ရွာထဲကနေ မတရား ခိုးယူလာတဲ့ဟာတွေပါ၊အင်အားကတော့ စစ်ကြောင်းထိုးတုန်းက ၂၀၀ လောက်ရှိတယ် အထက်ဘက်တက်လာတော့ အတိအကျမသိတော့ဘူး ကျန်ခဲ့တဲ့ စခ(စစ်ကောင်စီတပ်သား)တွေလည်းရှိတယ်၊မော်တော်ရပ် ကမ်းတက်ပြီး ခြေလျင်စစ်ကြောင်းပါထိုးတာ"ဟု Independence Army-IA အဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲ တစ်နာရီ၃၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး အလုံး ၇၀၊လက်နက်ငယ်များဖြင့်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီမှ အယောက်၂၀ခန့်သေဆုံးခဲ့သည်ဟု သိရသည်။

ယင်းလုပ်ဆောင်မှုကို Kani People Defence Force-1၊Independence Army-IA ၊Kani Guerrilla Force-KGF၊Kani ChinDwin Revolution Force-KCDRF၊DRPA အဖွဲ့၊ဗိုလ်နောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နွေဦးညီနောင်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly