ရုရှားနဲ့ပေါင်းပြီး စစ်ကောင်စီဘာတွေကြံနေသလဲ(ဆောင်းပါး)

09 August 2022
ရုရှားနဲ့ပေါင်းပြီး စစ်ကောင်စီဘာတွေကြံနေသလဲ(ဆောင်းပါး)

ရုရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ နေ့ချင်းပြန်မြန်မာပြည်ခရီးစဉ်အပြီးမှာ စစ်ကောင်စီနဲ့ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့် လုပ်ဆောင်မယ့် အလားအလာတွေကို တွေ့နေရပါတယ်။ အထူးသဖြင့် ကုန်သွယ်ရေးနဲ့ စီးပွားရေး အပြင် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးတွေပါ ဆက်တိုက်လုပ်ဆောင်မယ့် သဘောရှိနေပါတယ်။ ရုရှား-မြန်မာ နှစ်နိုင်ငံ ဆက်သွယ်မှုတွေ အရှိန်အဟုန်နဲ့ တိုးတက်လာနေပြီး အစိုးရအချင်းချင်း ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကော်မရှင် အစည်းအဝေးတစ်ရပ်ကို မကြာခင် မြန်မာနိုင်ငံမှာကျင်းပသွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကပြောခဲ့ကြောင်း ရုရှားသတင်းတစ်ရပ်မှာဖော်ပြခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် အခုလ နှောင်းပိုင်းမှာလည်း စစ်ကောင်စီနဲ့ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေး တစ်ရပ်ကို ရုရှားနိုင်ငံမှာကျင်းပဖို့ စီစဉ်ထားလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဘရော့ဗ် ကပြောထားပါတယ်။
#Politics
#MizzimaTv

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly