“လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကိုချေမှုန်းကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း  

“လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကိုချေမှုန်းကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း  

ဩဂုတ် ၉

နယူးဒေလီ(မဇ္စျိမ) ။    ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ   စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၁၆ ရက်မြောက် အဖြစ် ယနေ့ ဩဂုတ်လ ၉ ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြကြသည်။ 

လူထုသပိတ်စစ်ကြောင်းသည် “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကိုချေမှုန်းကြ” စာတန်းကိုင်စွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော် သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လူထုသပိတ်စစ်ကြောင်း
#ယင်းမာပင်
#ဆာလင်းကြီးမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly