၈၈ နှင့် ၂၀၂၁ အာဏာသိမ်းမှုအပြီး လူထုတော်လှန်မှုက ဘာကွာလဲ

၈၈ နှင့် ၂၀၂၁ အာဏာသိမ်းမှုအပြီး လူထုတော်လှန်မှုက ဘာကွာလဲ

ဩဂုတ်လ ၈ ရက်

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှအာဏာသိမ်းပြီးနောက် ပြည်သူ တစ်ရပ်လုံး လမ်းမပေါ်ထွက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကို အရှိန်အဟုန်မြှင့် ဆင်နွှဲနေကြသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းလျှောက်ဆန္ဒပြခြင်း၊ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှား မှုနှင့် လက်နက်ကိုင်ခုခံတိုက်ခိုက်မှု စသဖြင့် စစ်အာဏာရှင်ကို အပြီးတိုင်ဖြုတ်ချနိုင်ရေး လက်ရှိအချိန်ထိ အင်တိုက်အားတိုက် ကြိုးပမ်းနေကြသည်။

ယနေ့ ဩဂုတ်လ ၈ ရက်နေ့သည် မြန်မာနိုင်ငံ၏ဒုတိယလွတ်လပ်ရေးဟု တင်စားခေါ်ဝေါ်ကြသော ရှစ်လေးလုံးအရေးတော်ပုံ (၃၄) နှစ်ပြည့်နေ့လည်း ဖြစ်သည်။

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်မှုအခြေအနေနှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး တော်လှန်မှုအခြေအနေအပေါ် ၇၆ မျိုးဆက် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးခွန်ဆိုင်းနှင့် ၈၈ မျိုးဆက် ဦးမိုးမောင်မောင်တို့နှင့်အတူ မဇ္ဈိမသတင်းထောက်နောင်နောင်က ဆွေးနွေးတင်ဆက်ထားသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly