ဖားကန့်မြို့တွင် ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး သပိတ်ပြုလုပ်

ဖားကန့်မြို့တွင် ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး သပိတ်ပြုလုပ်

ဩဂုတ် ၈

ကချင်(မဇ္ဈိမ)။ ။ကချင်ပြည်နယ် ၊ ဖားကန့်မြို့တွင် ၈၈၈၈ အရေးတော်ပုံ (၃၄) နှစ်ပြည့် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး သပိတ်နှင့် ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ထောက်ခံပွဲကို ယနေ့ သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဆန္ဒပြ ပြည်သူများသည် “ KIA ၊ PDF တိုက်ပွဲ တိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး၊ ၈၈ က သွေးကြွေးဟောင်း ၂၁ မှာ အပြီးတောင်း ၊အကြမ်းဖက် စစ်ကောင်စီ လုံးဝအုပ်ချုပ်ခွင့် မရစေရ၊ ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်များနှင့် ပြည်သူများချက်ချင်းလွတ်၊ နွေဦးတော်လှန်ရေးအရေးတော်ပုံ အောင်ကိုအောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြသည်။

စာတည်း။ ။ငြိမ်းချမ်းခေတ်

#ကချင်ပြည်နယ်

#ဖားကန့်မြို့

#၈၈၈၈လုံးအရေးတော်ပုံ

#၃၄နှစ်ပြည့်

#KIAPDFNUGထောက်ခံပွဲ

#PhotoNews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly